အပိုင်း ၂၁၉
ချီရှောက်ရုန် ဧည့်ခန်းအတွင်းသို့ ရောက်သည့်အခါ ရင်းနှီးကျွမ်းဝင်သည့်လူကို မြင်လိုက်ရသည်။ ထိုလူက ရောင်စုံဝတ်စုံကိုဝ တ်ဆင်ထားကာ လက်ထဲတွင် ငှက်ပျောရွက်ယပ်တောင်ကြီးကို ကိုင်ထားသေးသည်။ ထိုကြီးမားလှသည့် ယပ်တောင်ကြီးက သူ၏ပုံရိပ်ကို ပျက်စီးစေသည်။
"အကြီးအကဲ ဘယ်လိုဖြစ်ပြီး ဒီလိုနေရာကို ရှာတွေ့သွားတာလဲ"
ချီရှောက်ရုန်က မေးသည်။
"ဘာကိစ္စကြောင့်မှမဟုတ်ဘူး၊ ဒီအတိုင်း ငါ မင်းကို လာတွေ့တာ၊ ငါ အဲဒီမျိုးမစစ်အကောင်ကို ကြုံခဲ့ပြီး ဒီလူက ကြောက်သွားခဲ့ရသေးတယ်"
ထိုငါးမန်းနက်ကြီးက ပြောသည်။
...
"အကြီးအကဲ အကြီးအကဲပူလို့ ယပ်တောင်ကြီးကို ကိုင်ထားတာလား"
"ဒီယပ်တောင်က ငါ ကိုယ်တိုင် လုပ်ထားတာလေ၊ ပြောရရင် ကြော့ရှင်းခံ့ညားတယ်လို့ ခံစားရတယ်မဟုတ်လား၊ မင်းတို့ရဲ့လူသားတွေက သေးသေးကွေးကွေး ယပ်တောင်တွေကို သုံးကြတယ်၊ အဲဒါက ငါနဲ့မသင့်တော်ဘူး၊ အခု ငါ့ကို ကြည့်စမ်းပါ၊ ဒါဆိုရင် လေဒဏ်မိုးဒဏ်ကိုလည်း ခံနိုင်စွမ်းရှိတယ်၊ ကံဆိုးတာက အခုက ပူမနေလို့ မဟုတ်ရင် အရမ်းကို လိုက်ဖက်ညီနေမှာ သေချာတယ်"
ထိုအနက်ရောင်ငါးမန်းကြီးက လက်ထဲတွင်ရှိသည့် ယပ်တောင်ကြီးကို ဝှေ့ယမ်းပြကာ ပြောသည်။
"..."
တော်တော်လေးကို ကြည့်ကောင်းတာကိုး။
"အရှင် ငါ ကြားတာတော့ မင်းရဲ့အလှကုန်စီးပွားရေးလုပ်ငန်းက အရမ်းကောင်းတယ်ဆိုပဲ"
"ဟုတ်ပါတယ်"
"ငါ မင်းရဲ့ချင်းချန် အလှကုန်ဆိုင်တွေကို သွားပြီး ရှာကြည့်တော့ ပစ္စည်းတွေ အကုန်လုံး ရောင်းထွက်သွားပြီလို့ပြောတယ်"
ထိုငါးမန်းကြီးက ပြောသည်။
ချီရှောက်ရုန် "..."
ရောင်းကောင်းတာကိုး။
"အရှင် အဲဒီအလှကုန်တွေက ..."
