အပိုင်း (၂၈၄)
ကျွင်းလန်ယွဲ့က အလွန်ဒေါသထွက်နေခဲ့ကာ ချီဟန်၏ရှေ့တွင်ရှိသော ထမင်းစားပွဲကိုဓားဖြင့် ခုတ်ပိုင်းပစ်လိုက်၏။
ချီဟန်က ခပ်မြန်မြန် ရှောင်သည်။ ကျွင်းလန်ယွဲ့က ချီဟန်ကိုတုံ့ဆိုင်းမနေဘဲ ထပ်မံတိုက်ခိုက်ပြန်၏။ အနားတွင် ရှိသောအစေခံက အလောတကြီးပြောလိုက်သည်။
"ချီသခင်လေး ကျွင်းသခင်လေးက ကျော့သခင်လေးနဲ့ စေ့စပ်ထားတဲ့သူပါ"
ချီဟန်က ပြုံးလိုက်သည်။
"အိုးဘာလဲ ကျော့ယွန်ဖေး အားနည်းသွားတယ်ဆိုတော့ ပစ်သွားတယ်ဆိုတဲ့မိန်းမလား"
ကျွင်းလန်ယွဲ့က ချီဟန်ကို ကြည့်ကာပြော၏။
"နင် ဘယ်လိုတောင် ပြောရဲတာလဲ"
ချီဟန်၏မျက်ဝန်းများက အေးစက်သွားသည်။
"ဒါဆိုမင်းက ဘာလို့ ငါ့ကို တိုက်ခိုက်ရဲတာလဲ"
ချီဟန်က ရွှေရောင်ကြာပွတ်ကို ဆွဲထုတ်လိုက်သည်။ ရွှေရောင်ကြာပွတ်က ပျော့ပျောင်းနေသော်လည်း ကျော့ယွန်ဖေး၏ လည်တိုင်ကို ဆွဲညှစ်ကာ အနားသို့ ဆွဲခေါ်လိုက်သည်။ ထိုသို့လုပ်လိုက်ချိန်မှာပင် ကျွင်းလန်ယွဲ့၏ လည်ပင်းက အနီကွက်ရောင်သန်းသွားကာ ညိုမည်းစွဲသွားတော့လေသည်။
ချီဟန်က ကြာပွတ်ကို ဆွဲလွှဲလျက် ကျွင်းလန်ယွဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်ပြီး အပြင်သို့ လွင့်ထွက်သွားစေသည်။ သူမက အပြင်တွင်ရှိသော တိုင်နှင့်ပင် ရိုက်ဆောင့်မိသွားသေးသည်။
"နင် နင်ဘယ်လိုတောင် လုပ်ရဲ..."
ကျွင်းလန်ယွဲ့က ထိုနေရာတွင်ပုံလျက်သား လဲကျနေခဲ့ကာ ချီဟန်ကိုကြည့်လျက် အော်ဟစ်နေတော့၏။
ချီဟန်က ကြာပွတ်ကို လွှဲယမ်းလျက် ကျွင်းလန်ယွဲ့ထံ ရိုက်ချလိုက်ပြန်သည်။ ကျွင်းလန်ယွဲ့၏ ခန္ဓာကိုယ်တွင် ကြာပွတ်ရာများက ပြည့်နှက်နေ၏။
ချီဟန်က ကျောက်စိမ်းကဲ့သို့ လှပသောခန္ဓာကိုယ်ကိုပင် သနားညှာတာခြင်းမရှိဘဲ ရိုက်နှက်နေတော့၏။ အစေခံလေးက ထိုမြင်ကွင်းကို မြင်သည့်အခါ ထိတ်လန့်သွားပြီး အော်ဟစ်တော့သည်။