အပိုင်း ၂၉၁
"သခင်လေး"
ချီဟန်က မတ်တတ်ထရပ်လာသည်။
ချီရှောက်ရုန်က ချီဟန်၏စာအုပ်ကို တစ်ချက်ကြည့်ပြီးနောက်တွင် ချီဟန်ကို ကြည့်လိုက်သည်။ ချီဟန်ကလည်း ချီရှောက်ရုန်ကို ကြည့်လာ၏။ သူက ရှက်ရွံ့စွာဖြင့် စာအုပ်ကို သိမ်းလိုက်၏။
"ကြည့်ရတာ ငါ မင်းကို ဘာမှပြောဖို့မလိုဘူးထင်တယ်၊ ကျော့ယွန်ဖေးအကြောင်းကို မင်းသိနေပြီပဲ"
ချီဟန်က စာအုပ်ကို သိမ်းပြီးနောက် အနေခက်ပုံဖြင့် ပြောလာသည်။
"ကျွန်တော် ဒီအတိုင်း တိုက်ဆိုင်သွားလို့ မတော်တဆ သိလိုက်ရတာပါ"
ချီရှောက်ရုန်က ပြုံးလိုက်သည်။
"ငါ သူ့ကို အထင်သေးသွားမိတာပဲ၊ ကျော့ယွန်ဖေးရဲ့လက်ရှိတိုးတက်မှုအရ သူ သိပ်မကြာခင်မှာ ပြန်လာလိမ့်မယ်"
ချီဟန်က ခေါင်းကို ငုံ့ထားသည်။ သူ ရှက်သွား၏။
ကြယ်တောင်တန်း...
"ဒီနေရာက ဝါးတောက အရမ်းစိမ်းစိုနေတယ်"
ကျော့ယွန်ဖေးက ပြောသည်။
ကျွင်းဟောင်၏လက်ချောင်းများက ဝါးပင်များကို ထိတွေ့ပွတ်သပ်သွားပြီးနောက်တွင် တတောက်တောက် ခေါက်နေသည်။ သူ ခန့်မှန်းသည်မှာ မမှားနေလျှင် ဒါက သဘာဝအတိုင်း ဖြစ်နေခြင်း မဟုတ်ပေ။
ကျော့ယွန်ဖေးက ကျွင်းဟောင်ကို ကြည့်၏။
"မင်း ဘာသိထားလဲ"
"ဒီဝါးတောတွေနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေက အကန့်အသတ်ရှိတယ်၊ နောက်ပြီး ဒါက သဘာဝအတိုင်း ဖြစ်လာတာ မဟုတ်လောက်ဘူး။ တချို့ပင်က အရမ်းရှည်လွန်းနေတယ် သတိထား ကြည့်မိလား"
ကျွင်းဟောင်က ပြောသည်။
ထိုနေရာတွင်သာ မကောင်းဆိုးဝါးသားရဲ ရှိမည်ဆိုလျှင် သူတို့တွေးထားသော မကောင်းဆိုးဝါးအကောင်ကြီး ဖြစ်နေလောက်သည်။
ကျော့ယွန်ဖေးက မျက်မှောင်ကျုံ့သည်၊။
"ခန့်မှန်းနေတာ အလကားပဲ"
