236 01
အပိုင်း ၂၃၆
ရုတ်တရက် ပင်လယ်နဂါးတစ်ကောင်က ကူးခပ်လာသည်။ ထို့နောက် လူပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွား၏။
ချီရှောက်ရုန်က ဟိုင်လင်း၏ ပုံသဏ္ဌာန်ကို ကြည့်လိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ကြောင်အသွားခဲ့သည်။
"ဟိုင်လင်း မင်းဒီကိုရောက်လာတာလား"
ဟိုင်လင်း တလေးတစား ဖြေလိုက်သည်။
"ဟုတ်တယ်၊ အရှင်သခင်တို့ ရောက်လာမယ်ဆိုတာ သတိထားမိလို့လေ၊ ကျွန်တော်လည်း လိုက်လာရတာပေါ့"
ချီရှောက်ရုန် "..."
"ဝင်ကြစို့"
ယိုဒါက ပြောသည်။
ချီရှောက်ရုန်က အနက်ရောင် လေဝဲထဲသို့ ဝင်လိုက်သွားလိုက်သည်။ တစ်ခဏခန့် ကြာပြီးနောက် သူက ထိုနတ်ဘုရား သေဆုံးခဲ့သည့် နေရာကို ဝင်ရောက်သွားနိုင်၏။ သို့သော် ထိုနယ်မြေသို့ ဝင်ရောက်လိုက်သည်နှင့် ချီရှောက်ရုန်က ပြင်းထန်သည့် သွေးရနံ့ကို ခံစားလိုက်ရသည်။
ကျွင်းဟောင်က ခြေထောက်အောက်မှ သဲများကိုကြည့်လိုက်သည်။ ထိုသဲများက နတ်ဘုရား သေဆုံးခြင်းကြောင့် ဖြစ်လာကာ နီရဲနေခဲ့၏။ သူတို့က သွေးထဲတွင် လမ်းလျှောက် နေသည်ဟုပင် ထင်ရသည်။ ချီရှောက်ရုန်မှာ ထူးဆန်းသည့် လေပြင်းများကြောင့် နောက်သို့ပင် လန်သွားသေးသည်။
ကျွင်းဟောင်သည် ချီရှောက်ရုန်၏ လက်ကို ဖမ်းကိုင်ကာ ပြောလိုက်သည်။
"အဆင်ပြေရဲ့လား"
ချီရှောက်ရုန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းမတ်ရင်း ဖြေလိုက်သည်။
"ရပါတယ်"
ပင့်ကူမျိုးနွယ်ဝင်သားက အနားသို့ လျှောက်လာကာ ပြောလိုက်၏။
"ဒီနေရာက သတ်ဖြတ်ခြင်း စိတ်ဆန္ဒက အရမ်းပြင်းထန်တယ်၊ ခွန်အားသာ မလုံလောက်ရင် အဲဒီလူရဲ့ ခန္ဓာကိုယ်က စုတ်ဖြဲခံရလိမ့်မယ်"
ချီရှောက်ရုန်မှာ ပြုံးလျက် ဖြေလိုက်သည်။
"ကျွန်တော် သိပါပြီ"