Unicode
အပိုင်း ၁၉၈
ချီရှောက်ရုန်က လက်ထဲတွင်ရှိသည့် ပုတီးစေ့လေးများကို ကိုင်ကြည့်နေရင်းပြောသည်။
“ဆိုတော့ ဒါက အရမ်းဈေးကြီးတယ်ပေါ့”
ပိုင်လျှိုယွန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ဈေးကြီးရုံတင်မကဘဲ အရမ်းရှားပါးသေးတယ်၊ သခင်လေး ဒါကို တွေ့ရဖို့တောင် အရမ်းခက်ခဲတာနော်”
“…”
“အဲဒီဝတုတ်က မိသားစုကြီးတစ်ခုက ဆက်ခံသူ တစ်ယောက်ယောက် ဖြစ်လောက်တယ်”
ချီရှောက်ရုန်က ပြောသည်။
ပိုင်လျှိုယွန်က ပြုံးကာ ပြော၏။
“ကျွန်တော် ထင်တာသာ မမှားဘူးဆိုရင် အဲဒီဝတုတ်က လူသား မဟုတ်လောက်ဘူး၊ အထူးသဖြင့် ပင်လယ်မျိုးနွယ်ဝင်သား တစ်ယောက်ပေါ့၊ သူက ကြေးခွံမာ ပင်လယ်မျိုးနွယ်ထဲမှာတောင်မှ သူ့ရဲ့အဆင့်က မနိမ့်လောက်ဘူး”
ချီရှောက်ရုန် နားမလည်နိုင်တော့ပေ။ ပိုင်လျှိုယွန်က ခေါင်းညိတ်ကာ ဆက်ပြော၏။
“ပင်လယ်မျိုးနွယ်ဝင်တွေက ပင်လယ်ပြာပြင်ကျယ်မှာ အရမ်းကျော်ကြားကြတာ၊ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာ သူတို့ရဲ့ ခြေကုတ်ယူထားနိုင်တဲ့အင်အားစုက မသေးတော့ဘူး၊ လူသားတွေထက်တောင် ပိုပြီးအင်အားကြီးမားနေသေးတယ်”
“…”
------ချီရှောက်ရုန်တို့ ရောက်သွားသည့်အခါ သူတို့ညွှန်ကြားထားသည့်အတိုင်း ငှားရမ်းထားသည့်သူများက အလုပ်လုပ်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ သို့သော် ဟိုင်လင်းက သူတို့ကိုမြင်သည့်အခါ နှုတ်ဆက်လာသည်။
“သခင်လေးပိုင်နဲ့ အရှင်သခင်တို့ ရောက်လာကြတာပဲ”
ချီရှောက်ရုန်က အသံကို တိုးကာ မေးသည်။
“ဘာ ဘာဖြစ်တာလဲ”
“ကျွန်တော် ဟိုင်သခင်လေးကို တွေ့တာနဲ့ အကူအညီတောင်းထားခဲ့တာလေ”
ချီရှောက်ရုန်က အသံကို တိုးကာ ဆက်မေးသည်။
“သူက မင်းကို သဘောကျနေတာလား”
“မဟုတ်ပါဘူး”
ချီရှောက်ရုန်က ဆက်မေးသည်။
“မင်းကိုယ်မင်း ဘယ်အချိန်က ယုံကြည်မှုရှိသွားတာလဲ”
“ဒီအတိုင်း ကျွန်တော့်ကိုယ်ကျွန်တော်တော့ ယုံကြည်မှုရှိပေမဲ့ သူကိုယ်တိုင်ကတော့ …”
ဟိုင် တော်ဝင်မိသားစု၏အမြင်တွင် သာမန်လူသားများက သူတို့နှင့် ယှဉ်နိုင်သည့်အဆင့်မဟုတ်ပေ။
ချီရှောက်ရုန်က ထိုအကြောင်းအရာကို ဆက်မပြောချင်တော့ပေ။ ထို့ကြောင့် သူက ပိုင်လျှိုယွန်ကို ဆက်မမေးတော့ပေ။
ဟိုင်လင်းက ချီရှောက်ရုန်အနားသို့ ကပ်လာကာပြော၏။
“အရှင်သခင် အရှင်သခင် ဒီလုပ်သားတွေကို ကျေနပ်မှုရှိရဲ့လား”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“ပင်လယ်မျိုးနွယ်ရဲ့သခင်လေးကိုယ်တိုင် မိတ်ဆက်ပေးထားတာဆိုတော့ အဆင်ပြေမှာပေါ့”
“အရှင်သခင်ကတော့ ကျေနပ်ရင် ပြီးတာပါပဲ”
ဟိုင်လင်းက ရယ်နေသည်။
…
အင်ပါယာမြို့တော်တွင်...
မူတင်းရွှယ်က ရီဖန်ကို ကြည့်သည်။
“သခင်လေးက စာပို့လိုက်ပြီလား”
ရီဖန်က ခေါင်းညိတ်သည်။
“အင်း”
“ဘာတွေ ရေးထားလဲ”
“သခင်လေးပြောတာတော့ ပိုင်ဟိုင်ပြင်ကျယ်က ပင်လယ်စားစရာတွေက အရမ်းကောင်းတယ်တဲ့”
မူတင်းရွှယ်:“ဒါပဲလား”
“နောက်ပြီး အဲဒီက စံအိမ်က စုတ်ပြတ်သတ်ပြီး အလုယူခံထားရလို့ ပြန်တည်ဆောက်နေတယ်လို့ ပြောထားတယ်”
မူတင်းရွှယ် “…”
“ထပ်ပြောရရင် သခင်လေးက ဟိုင်လူမျိုးက အထက်တန်းလွှာ တော်တော်များများနဲ့ ရင်းနှီးနေတယ်လို့ပြောတယ်၊ ကြည့်ရတာ အဲဒီကလူတွေက အလှကုန်တွေကို သဘောကျကြလို့ သခင်လေးက ရေစိုဒဏ်ခံတဲ့ အလှကုန်တစ်မျိုးကို ဖော်စပ်လိမ့်မယ်”
ရီဖန်က ပြောသည်။
မူတင်းရွှယ်က ပြုံးကာ ပြော၏။
“သခင်လေးကတော့ အမြဲတမ်း အားအင်အပြည့်ပဲ”
“သခင်လေးရဲ့လုပ်နိုင်စွမ်းအားနဲ့ဆိုရင် ငါတို့ စိုးရိမ်ဖို့ မလိုအပ်ဘူး”
ရီဖန်ကလည်း ပြောသည်။
“ဒါပေါ့၊ ဒါပေမဲ့ သခင်လေး ဘာလုပ်နေလဲဆိုတာပဲ သိချင်တာ”
…