အပိုင်း (၂၈၅)
"တကယ်တော့ ဒီအစောင့် ဆယ်ယောက်က ကျွန်တော်တို့ မဟာမိတ် အဖွဲ့က လူကြီးမင်းတို့ကို ပေးတာပါ။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမမြင့်တော့ တစ်မျိုး မမြင်ဖို့ မျှော်လင့်ပါတယ်"
"ကျွန်တော် ဒီအကြောင်း ကြားထားပါတယ်။ ကျွန်တော်လည်း လူတွေ လိုနေတာနဲ့ အတော်ပဲ ဖြစ်သွားပြီ"
"ဒီလို ကူညီခွင့်ရတာကကို ကျွန်တော်တို့ရဲ့ ကံကောင်းခြင်းပါပဲ"
သူတို့၏ စီးပွားရေး လုပ်ငန်းစုက ချီဟန်ကို လေးစားမှုအပြည့်ဖြင့် ဆက်ဆံကြသည်။
ချီဟန်က ပြုံးသည်။ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည် နေခဲ့သော်လည်း လေးစားမိသေးသည်။ ထိုလူများက သူ့ကို မျက်နှာသာပေးခြင်း မဟုတ်ဘဲ သူ၏ သခင်လေးကို မျက်နှာသာပေးခြင်း ဖြစ်သည်။ ကျွင်းဟောင်၏ စွမ်းအား ပေါ်ထွက်သွားပြီးသည့်နောက်တွင် သူ၏ သခင်လေး ကိုယ်တိုင်၏ အလားအလာနှင့် လုပ်နိုင်စွမ်းအား အားလုံးက မြင့်တက်သွားခဲ့ရကာ လူတိုင်းက ချီရှောက်ရုန်ဆိုလျှင် အလွန်အမင်း လေးစားကာ အားကျနေခဲ့ကြချေပြီ။ ကျွင်းဟောင်ထက်ပင် ချီရှောက်ရုန်က အဓိက အရာရောက်နေမှန်း လူတိုင်း နားလည်နေကြ၏။
ဟိုင်မျိုးနွယ်စုမှ ဦးဆောင်လာပုံရသော အကြီးအကဲတစ်ယောက်က ပြောလာသည်။
"မိသားစုရဲ့ အရှင်သခင် အကြီးအကဲတွေကတော့ သခင်လေး ရှောက်ရုန်နဲ့ ဆက်သွယ်မိပြီး ပင်လယ်မျိုးနွယ်က အစောင့် အယောက်(၂၀)ကို စေလွှတ်ပေးလိုက်ပါတယ်"
ချီဟန်က ခေါင်းညိတ်ကာ ပြော၏။
"ကျေးဇူးတင်ပါတယ်"
ဟိုင်မျိုးနွယ်စုက အကြီးအကဲက ချီဟန်ကို ထပ်ကြည့်ကာ ခရာပုံသဏ္ဍာန် ခရုပတ်လေးကို ပေးလာသည်။
"ဒါက ကျွန်တော်တို့ မျိုးနွယ်ရဲ့ ဦးချိုပါပဲ။ ပင်လယ်ကမ်းနံဘေးကို လာပြီး ဒါကို မှုတ်လိုက်မယ် ဆိုရင် ကျွန်တော်တို့ ပင်လယ်မျိုးနွယ်စီက ဘာအကူအညီကိုမဆို လာတောင်းနိုင်ပါတယ်"
ချီဟန်က ပင့်သက်ရှိုက်ကာ ဒါကို ယူလိုက်ပြီးပြောသည်။
"ကျေးဇူး အများကြီးတင်ပါတယ်"