Part 310

435 46 0
                                    


အပိုင်း၃၁၀

"သမားတော် ငါ အဲဒီလိုဆိုလိုတာမဟုတ်ပါဘူး"

ချီရှောက်ရုန်၏ ပျက်ယွင်းသွားသောမျက်နှာကို ကြည့်ပြီးနောက် ဖရက်က ထိတ်လန့်စွာ ပြောလာသည်။

ချီရှောက်ရုန်က လက်ကာပြလိုက်သည်။

"ကိစ္စမရှိပါဘူး"

ချီရှောက်ရုန်က ဖရက်ကို ကြည့်လိုက်သည်။

"ဒီနေရာက နေလို့ အဆင်မပြေတော့ဘူးလား"

ဖရက်က ခေါင်းညိတ်ကာ ပြောသည်။

"ဒါက တောင်နဂါးရဲ့ပိုင်နက်နယ်မြေအတွင်းကလို့ ပြောရမှာပါပဲ၊ တောင်နဂါးသေဆုံးသွားတဲ့နောက်မှာ ဖိအားက အရမ်းပြင်းထန်လာပြီး သားရဲတွေတောင် အဲဒီနေရာကို မသွားရဲကြတော့ဘူး။ တခြားနေရာကလည်း ငြိမ်းချမ်းတာတော့မဟုတ်ပါဘူး၊ ဒါပေမဲ့ တောင်နဂါးရှိတဲ့အချိန်ကြောင့် သာမန်သားရဲတွေက အဲဒီနေရာကို မသွားကြဘူး"

ချီရှောက်ရုန်က ကူကယ်ရာမဲ့စွာပြောလိုက်သည်။

ကံကောင်းလိုက်တာ။ ဟန့်လေပြောတဲ့အတိုင်းဆိုရင် အဖွဲ့ရဲ့အပြင်ဖက်မှာ နေတာက အန္တရာယ်များတယ်တဲ့။

ချီရှောက်ရုန်က ဟန့်လေပြောသမျှ အကြောင်းအရာများစွာကို ကြားခဲ့ဖူးသားဖြစ်လေရာ အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ တောင်နဂါးရှိသဖြင့် သည်နေရာကို သားရဲများ မတိုက်ခိုက်လာလောက်ပေ။

.....

ခိုင်ဖုန်းက လက်ထဲမှဆေးညွှန်းကို ကြည့်ကာ မျက်နှာက တောက်ပနေ၏။

"ဖရက်က သမားတော်နဲ့ ဆုံရလောက်အောင် ကံကောင်းမယ်လို့ မထင်ထားဘူး၊ ကျန်တဲ့အဖွဲ့ဝင်တွေက ရုတ်တရက် ကယ်ဆယ်ခံလိုက်ရပြီ"

"ကောင်းလိုက်တာ ဟေမီရာက သေမလိုဖြစ်နေတာ"

စစ်သည်တော်တစ်ယောက်က ပြောသည်။

စစ်သည်တော်ရှီမီရာ၏သမီးက ဖျားနာနေသော အမျိုးသမီးအဖွဲ့ဝင် သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ စတေးမှုက ပြင်းထန်ပြီး နေမကောင်းသူများကို မီးရှို့ကုသရမည်ဆိုလျှင် သူတို့အတွက်လည်း စိတ်အခြေအနေ မကောင်းနိုင်ပေ။ သူတို့အဖွဲ့၏အင်အားကလည်း လျော့ကျနိုင်၏။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now