Part 253

1K 153 0
                                    

အပိုင်း ၂၅၃ 

ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာ လွန်ခဲ့သော အချိန်များကို ပြန်သတိရသွားသည်။

"ကျွင်းသခင်လေး မင်း သွားနိုင်ပါတယ်၊ မင်း ငါ့ကို အရမ်းကြီးဆုပ်ကိုင်ထားတာ၊ မသိရင် ငါ့ကို တိတ်တခိုး သဘောကျနေတဲ့အတိုင်းပဲ"

ချီဟန်၏ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျော့ယွန်ဖေးက ကျွင်းဟောင်ကို အေးစက်စွာ လှည့်ကြည့်လာ၏။

ကျွင်းဟောင် အံ့ဩသွားကာ မသက်မသာဖြစ်သွား၏။

ကျန်းလင်းနှင့်အခြားသူများကလည်း သူတို့ကို စိုက်ကြည့်နေကြကာ ဘာလုပ်ရမည်ပင် မသိဖြစ်နေကြသည်။ ကျန်းလင်းက ကျန်းချင်း၏အနားသို့ ကပ်ကာမေး၏။

"ဝမ်းကွဲ ဘာတွေဖြစ်နေတာလဲ"

"ငါလည်း ဘယ်သိမှာလဲ"

ကျန်းချင်းရှင်းက ကျော့ယွန်ဖေး၏မျက်နှာအမူအရာကို ကြည့်ကာ တွေးလိုက်၏။

"ကျော့ယွန်ဖေးနဲ့ချီဟန်က မိတ်ဆွေဟောင်းတွေ မဟုတ်လောက်ဘူး၊ ကျော့ယွန်ဖေးကို အဲဒီနှစ်က ကုသပေးခဲ့တဲ့သူဆိုတာက တကယ်ပဲ ချီဟန်လား၊ မဖြစ်နိုင်ဘူး၊ ချီဟန်မှာ ဒီလောက်ကောင်းတဲ့ မှော်စွမ်းအင်ရှိရင် အချိန်အတန်ကြာ ကျော်ကြားသင့်နေပြီလေ"

ချီဟန် ထွက်သွားသည်နှင့် ကျော့ယွန်ဖေးက ကျန်းမိသားစုမှ လူများကို ခေါ်ကာ ထွက်သွားသည်။

ကျွင်းဟောင်က သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို မေးလိုသော်လည်း တစ်ဖက်သူက ပြောချင်ပုံမရပေ။

မင်တုံးမရတော့ဘူးပေါ့။

ကျန်းလင်းက လမ်းတွင် အော်ဟစ်နေသည်။

ကျော့ယွန်ဖေးက သူ့ကို တစ်ချက်ကြည့်ကာ ပြော၏။

"မင်း အဲဒီအကြောင်း ထပ်မတွေးနဲ့တော့၊ သူ ရောင်းမှာမဟုတ်ဘူး"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ သူ့မှာ သန့်စင်တဲ့ရွှေခန္ဓာကိုယ်ရှိတယ်၊ ဒါက သူ့အတွက် အရမ်းအသုံးဝင်တယ်၊ သူက ချီရှောက်ရုန်ရဲ့လူ၊ သူ့အတွက် ပိုက်ဆံမလိုဘူး၊ နောက်ပြီး ဒါက မင်းအတွက် သုံးတာထက် သူ့အတွက်က ပိုပြီးအဆင်ပြေတယ်၊ ဒီတော့ သူ လုံးဝ ပေးမှာမဟုတ်ဘူး"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now