Part 281

1K 104 0
                                    

အပိုင်း ၂၈၁

ကျော့ယွန်ဖေး စီးထားသည့် ရထားလုံးက အလွန်ခမ်းနားကာ အဆင့်အတန်းမြင့်မားသည်။ ကျော့အိမ်တော်မှ သယ်ဆောင်လာခြင်းလည်း ဖြစ်၏။ ကျော့ယွန်ဖေးက အသန့်အလွန်ကြိုက်ကာ သူကိုယ်ပိုင်နယ်မြေကို သီးသန့်ကာကွယ်တတ်သည့် စရိုက်မျိုးရှိလေရာ သူ့အနား တော်တန်ရုံ ကပ်ထိုင်လိုက်ခွင့်မရှိပေ။ သူ ကိုယ်တိုင်ကလည်း မည်သည့်အချိန်ကမျှ သူ၏ရထားလုံးထဲ အခြားသူကို စီးနင်းလိုက်ပါခွင့်မပြုခဲ့ပေ။

အင်ပါယာမြို့တော်မှ လူအများစု အပြောအရ ကျန်းအိမ်တော်မှ လူများကသာ ကျော့ယွန်ဖေးနားသို့ ကပ်နိုင်စွမ်းရှိကြသည်ဟု ယုံကြည်နေကြ၏။ အကြောင်းမူကား သူတို့က ထိုကျော့ယွန်ဖေး၏ ရထားလုံးနောက်မှ လိုက်ခွင့်ရသောကြောင့်ဖြစ်သည်။ သို့ရာတွင် ရထားလုံးတစ်စီးတည်း မဟုတ်ပေ။ ဒါက ကံကောင်းသည်ဟု အခြားသူများက ထင်နေကြ၏။ သို့ရာတွင် ချီဟန်ကမူ ထိုရထားလုံးအတွင်းထဲတွင် ရှိနေခဲ့၏။

သို့သော် ကျန်းချင်းရှင်း မသိသည်မှာ ထိုသို့အတူ ထိုင်ခွင့်ရထားသည့် ချီဟန်က အထဲတွင် မသက်မသာ ဖြစ်နေခြင်းကိုဖြစ်သည်။ ချီဟန်က မေးစေ့ကို လက်ဖြင့်ထောက်ကာ အပြင်ဘက်မှ မြင်ကွင်းကို ကြည့်နေခဲ့၏။ ကျော့ယွန်ဖေးက အနားတွင်ရှိနေသည်။

"မင်း ချီရှောက်ရုန်အနားက ပထမဆုံးအကြိမ် ထွက်လာခဲ့တာမဟုတ်လား"

ချီဟန်က ကျော့ယွန်ဖေးကို တစ်ချက်ကြည့်သည်။

"ဟုတ်တယ်၊ ငါ အမြဲတမ်း သခင်လေးကိုပဲ စောင့်ရှောက်ပေးနေခဲ့တာလေ၊ သခင်လေး ငယ်ငယ်ကတည်းက အားလုံးကို ငါပဲ ကိုင်တွယ်ပေးခဲ့တာ ဒါက ပထမဆုံးအကြိမ် ခွဲထွက်ခဲ့ဖူးတာပဲ"

"သူ အခု မသက်မသာ ဖြစ်နေလောက်တယ်၊ သူ မင်းကို မလိုချင်တော့လို့ အိမ်ကနေ မောင်းထုတ်လိုက်တာလေ"

ကျော့ယွန်ဖေးက ပြုံးကာပြောသည်။

ချီဟန်က လှည့်ကြည့်ကာပြော၏။

"သခင်လေးက ဘယ်တော့မှ ဒီလိုလူစားမျိုးမဟုတ်ဘူး၊ ဖြစ်နိုင်ရင် သခင်လေးက ငါနဲ့တောင် အတူလိုက်ချင်ခဲ့သေးတာ၊ ဒါပေမဲ့ မလိုက်နိုင်ခဲ့တာက ဘုရင်က နောက်ထပ်အလုပ်ကို စီစဉ်ပေးပြန်လို့ပဲ၊ သူအနာဂတ်မှာ ကျင်းတိုင်းပြည်ကိုလာပြီး စီးပွားရေးလုပ်ငန်းစုတွေ အောင်မြင်တိုးတက်ဖို့ လုပ်နိုင်လောက်သေးတယ်၊ ဒီတော့ ငါတို့ သိပ်မကြာခင်တွေ့ရအုံးမှာပဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now