အပိုင်း ၂၈၉
ကျော့ယွန်ဖေးက ချီဟန်၏အနောက်မှ လိုက်ကာ သင်္ချိုင်းမြေသို့ ရောက်လာခဲ့သည်။ ကျန်းဟန်၏ သင်္ချိုင်းမြေနေရာတွင် အစိမ်းရောင်သစ်ပင်များနှင့် ပြည့်နှက်နေကာ ပန်းများက ပွင့်လန်းနေကာ ဥယျာဉ်ကဲ့သို့ပင်ထင်ရသည်။
ကျော့ယွန်ဖေးက ကျန်းဟန်၏ဂူသင်္ချိုင်းကို လျင်မြန်စွာ ရှာတွေ့သွားသည်။ ချီဟန်က ကျန်းဟန်ကို အလွန်စိုးရိမ်သည်။ သည်လိုနေရာမျိုးကို အလွန်လှပအောင် ပြင်ဆင်ထားသော်လည်း ခမ်းနားခြင်း မရှိသေးပေ။ ချီဟန် အတွေးနက်သွား၏။
"ညီလေး မင်းအစ်ကို ပြန်လာပြီ"
"ကျန်းရှင်းတုံးနဲ့ ကျန်းယွမ်တို့ကို အပြစ်ပေးပြီးပြီ၊ သူတို့ရဲ့လျှာတွေကို ဖြတ်လိုက်တယ်၊ တကယ်လို့ မင်းလည်း အသက်ရှင်နေခဲ့မယ်ဆိုရင် သူတို့ကို ဒီအတိုင်းပဲ ဆုံးဖြတ်မယ်ဆိုတာ သိနေပါတယ်၊ ကောင်းကင်အောက်မှာ အသက်ရှင်နေပြီး ဒီအတိုင်း ဆိုးဆိုးရွားရွား အသက်ရှင်သန်နေရတာကို မင်း ကြည့်ချင်မယ်လို့ ငါ ထင်တယ်"
ချီဟန်က အုတ်ဂူကို ညင်သာစွာ ပုတ်လိုက်သည်။ သူ၏ညီက အလွန်ကြင်နာတတ်လွန်းသည်။ စိတ်ထားကောင်းလွန်း၏။ ထို့ကြောင့် မုန်းတီးမှုများကို လက်လွှတ်ပြီးလောက်သည်။
"ကျန်းကျင်း"
ကျန်းစစ်ကျုံးက သိပ်မဝေးသောနေရာတွင် ရပ်နေကာ ချီဟန်ကို ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် ကြည့်နေခဲ့လေသည်။
"မင်း ဒီနေရာကို တကယ်ပဲ ဝယ်ခဲ့တာပဲ"
ကျန်းစစ်ကျုံးက ချီဟန်ကို စိတ်ပျက်စွာကြည့်နေသည်။
ချီဟန်က ကျန်းစစ်ကျုံးကို ကြည့်ကာ သူ၏ မျက်ဝန်းများက အေးစက်ကာ တောက်ပလာခဲ့၏။ သူတို့အချင်းချင်း စိုက်ကြည့်နေကြသည်။
"ကိစ္စရှိလို့လား"
ချီဟန်က ကျန်းစစ်ကျုံးကိုကြည့်ကာ မေးသည်။
"မင်းမှာ ဒီလိုပြောဖို့ မျက်နှာရှိသေးလို့လား၊ မင်းကြောင့် ရှင်းတုံးနဲ့ကျန်းယွမ်တို့ အခုလိုဖြစ်သွားရပြီ"