Part 308

795 95 0
                                    


အပိုင်း၃၀၈


နှစ်လကြာသွားပြီးနောက်တွင် ချီရှောက်ရုန်နှင့်ကျွင်းဟောင်တို့က တောအုပ်တစ်ခုထဲသို့ ရောက်သွားသည်။

"ဒါက ပျောက်ဆုံးနေတဲ့တောပဲ၊ ပြောကြတာက လူအများစုက ဒီတောထဲကို ဝင်လိုက်တာနဲ့ လမ်းပျောက်သွားကြတယ်တဲ့၊ နောက်တော့ သူတို့ ပျောက်ကွယ်သွားကြရောပဲ၊ အချိန်ကြာလာပြီးတဲ့နောက်မှာ ဘယ်သူကမှ ဒီနေရာကို မလာကြတော့ဘူး၊ မြေပုံအတိုင်းဆိုရင် ဒီနေရာက စွန့်ပစ်နတ်ဘုရားနယ်မြေရဲ့ ဝင်ပေါက်ပဲ"

မူတင်းရွှယ်က ပြောသည်။

ရီဖန်က ဝင်ပေါက်ကိုကြည့်ပြီးပြော၏။

"ကြည့်ရအောင်"

မြေပုံအရဆိုလျှင် သည်တောတွင် နှစ်ပေါင်းသောင်းကျော် သက်တမ်းရှိသော သစ်ပင်အိုကြီး ရှိပေလိမ့်မည်။ ထိုသစ်ပင်အိုကြီးက ရှေးဟောင်းသစ်ပင်ကြီး ဖြစ်ကာ နတ်ဘုရားစွန့်ပစ်နယ်မြေသို့ ဦးတည်နေ၏။

"လူစုမကွဲအောင် အတူရှိနေအောင် ကြိုးစားကြရအောင်"

ချီရှောက်ရုန်က ပြောသည်။

မူတင်းရွှယ်က သစ်သားစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ကာ ရှေးဟောင်းသစ်ပင်များကို အာရုံခံနိုင်စွမ်း ရှိသည်။ နှစ်နာရီခန့်ကြာပြီးနောက်တွင် သူတို့ နှစ်ပေါင်းသောင်းကျော်သက်တမ်းရှိသော သစ်ပင်ထံသို့ ရောက်သွားသည်။

"ဒီနေရာဖြစ်လောက်တယ်"

မူတင်းရွှယ်က ပြောသည်။

ကျွင်းဟောင်က လက်ကိုဖြန့်လိုက်ပြီးနောက်တွင် ပြောပြသည်။

"ဒီနေရာမှာ မှော်စွမ်းအားလှိုင်းတွေရှိတယ်"

"ကြည့်ရအောင်"

ချီရှောက်ရုန်က ပြောသည်။

"ငါ အရင်သွားကြည့်မယ်၊ မင်းတို့ ငါ့အနောက်က လိုက်ခဲ့"

ကျွင်းဟောင်က ပြောသည်။

ကျွင်းဟောင်နှင့် သူတို့အားလုံး သစ်ပင်အောက်ဘက် ဂူအတွင်းထဲတွင် ရှိသော ထူးခြားသည့် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားလိုက်ကြသည်။ ချီရှောက်ရုန်က မူးဝေသလို ခံစားလိုက်ရ၏။ သူ အသိပြန်ဝင်လာချိန်တွင် သိပ်သည်းသော တောအုပ်အတွင်းသို့ ရောက်နေခဲ့ချေပြီ။ ကျွင်းဟောင်၊ ရီဖန်နှင့်မူတင်းရွှယ်တို့ကို မြင်တော့မှသာ ချီရှောက်ရုန် စိတ်အေးသွားသည်။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now