Part 252

1.5K 188 9
                                    

အပိုင်း ၂၅၂

"မင်းက ဘာကိုဝယ်လာတာလဲ"

ချီရှောက်ရုန်က စပ်စုလိုက်သည်။

ချီဟန်က ထိုမင်တုံးကို ထုတ်ပြလိုက်သည့်အခါ ချီရှောက်ရုန် မျက်မှောင်ကြုတ်၏။

"ဒီလိုကျိုးနေတဲ့မင်တုံးက ဘာများအသုံးဝင်မှာမို့လို့လဲ၊ အားဟန် မင်း ပစ္စည်းတွေ ဝယ်တာ အရမ်းကိုရှားပါတယ်၊ ဘာလို့ အကောင်းကို မဝယ်တာလဲ၊ ပိုက်ဆံအတွက် မစိုးရိမ်ပါနဲ့၊ တကယ်လို့ မင်း ရှာထားသမျှ ကုန်သွားရင်တောင်မှ ကိစ္စမရှိဘူး၊ ငါ မင်းကို ထပ်ပေးလို့ရတယ်"

ချီဟန် "..."

ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။

"ဒါက ရွှေမှော်ပညာရှင်တွေအတွက် ကျင့်ကြံတဲ့နေရာမှာ အရမ်းအသုံးဝင်တယ်၊ နောက်ပြီး ထူးခြားတဲ့ သက်ရောက်မှုရှိတယ်၊ တချို့ ရွှေပညာရှင်တွေနဲ့ သေမျိုးတိုက်ခိုက်သူတွေက ရုပ်ပိုင်းဆိုင်ရာ ထူးခြားတဲ့ပြောင်းလဲမှုရှိတယ်၊ ဒါနဲ့ဆိုရင် သူတို့အချင်းချင်း ဆက်သွယ်နိုင်ပြီး ပေါင်းစပ်နိုင်တယ်"

ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ကာ ပြော၏။

"ဒီတော့ မင်းရဲ့ရွှေအခြေပြုစွမ်းအင်ကရော ဒီလိုလုပ်လို့ရတာလား"

"မရဘူး၊ သန့်စင်တဲ့ရွှေမှော်ပညာရှင်တွေပဲ လုပ်နိုင်တာ"

ချီရှောက်ရုန်က ချီဟန်ကို ပြုံးပြသည်။

"အားဟန် မင်း ရတနာကို ရှာတွေ့တာပဲ"

ချီဟန်က ပြုံးသည်။

"ဟုတ်တယ်၊ ဒါပေမဲ့ နည်းနည်းတော့ဈေးကြီးတယ်"

ချီရှောက်ရုန်နှင့်အဖွဲ့က သီးခြားခြံဝန်းတစ်ခုတွင် ယာယီနေထိုင်သည်။ အမျိုးမျိုးသော တိုင်းပြည်များမှ မင်းသားများနှင့် တွေ့ရန်အလို့ငှာ ယွန်ကောင်းတိုင်းပြည်မှ တော်ဝင်မိသားစုက ကြီးမားသော ခြံဝန်းကြီးကို ဖွင့်ထားပေးကာ အားလုံးကို သီးသန့်နေစေသည်။ ခြံဝန်းကြီးက အလွန်အမင်း ကြီးမားလွန်းလှကာ မင်းသားတိုင်းက အားလုံး စုပြုံနေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သီးသန့်ခွဲပေးထားခြင်းလည်းဖြစ်၏။ သို့ဆိုလျှင် သူတို့အချင်းချင်း ယှဉ်ပြိုင်တော့မည်မဟုတ်ပေ။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Tempat cerita menjadi hidup. Temukan sekarang