Part 199

1.4K 196 3
                                    

Unicode

အပိုင်း ၁၉၉

ပိုင်လျှိုယွန်က ချီရှောက်ရုန်ကို ကြည့်သည်။
“ပိုင်ဟိုင်ပြင်ကျယ်က တကယ်ကို အစုတ်အပြတ်အပျက်အစီးနယ်မြေကြီးပဲ၊ ဒီလိုနေရာမျိုးကနေ ဘယ်လိုပစ္စည်းကောင်းတွေကို ရမှာလဲ”
ချီရှောက်ရုန် “…”

ဟိုင်လင်းက ဖေးယွန်စီးပွားရေးလုပ်ငန်းစုများထံသို့ လှည့်လည် စစ်ဆေးနေပြီးနောက် သူ၏စံအိမ်သို့ ပြန်လည်ရောက်ရှိသွားသည်။
“သခင်လေး သခင်မလေးအယ်လီ ပြန်လာပါပြီ”
“သူမက တကယ်ပဲ ဒီကိုလာတာလား”
ဟိုင်လင်း မျက်မှောင်ကြုတ်သည်။
“အရှင် အရှင် သူနဲ့တွေ့ချင်လား”
“ငါ သွားတွေ့ရမှာပေါ့၊ မတွေ့ရင် ပြန်မှာမဟုတ်တော့ဘူး”
ဟိုင်လင်းက ဖေးယွန်လုပ်ငန်းစု၏အလုပ်ခန်းအတွင်းသို့ ဝင်ရောက်သွားသည်။ အယ်လီက ချက်ချင်းပင် သူ့ထံပြေးလာကာ လက်မောင်းကို ဖက်ပြီးပြော၏။
“အစ်ကိုလင်း အစ်ကို ပြန်လာပြီလား၊ ညီမ အစ်ကို့ကို စောင့်နေတာ တော်တော်ကြာသွားပြီ”
“မင်း ဘာလာလုပ်တာလဲ”
ဟိုင်လင်းက မကြည်မသာပြောသည်။
အယ်လီက ဟိုင်လင်းကို ကြည့်ကာ မပျော်မရွှင်ဖြစ်သွား၏။
“ညီမက အစ်ကိုလင်းဆီ လာတာလေ၊ ဘာလို့ လာလို့မရရမှာလဲ”
“မင်းက ရေသူမပဲ၊ မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ်ကိုသာ လူတွေကို တွေ့ခွင့်ပြုသွားမယ်ဆိုရင် အဲ့ဒီကောက်ကျစ်ယုတ်မာတဲ့ သူတွေအားလုံးက မင်းကို မှောင်ခိုးဈေးမှာ ရောင်းစားကြလိမ့်မယ်”
ဟိုင်လင်းက ပြန်ပြောသည်။
အယ်လီက ဂရုစိုက်ခံရသည်ဟု ခံစားရကာ ပျော်သွား၏။
“အစ်ကိုလင်း မစိုးရိမ်ပါနဲ့၊ ဒီလူတွေက အသုံးမှမကျတာ သူတို့ ဘာလုပ်နိုင်မှာလဲ၊ ကျွန်မကိုလည်း မမိနိုင်ပါဘူး”
ဟိုင်လင်းက မကျေမနပ်ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း မြန်မြန်ပြန်သင့်တယ်၊ မင်းသာ ဒီပိုင်နက်နယ်မြေမှာ တစ်ခုခုဖြစ်သွားရင် ငါ သူတို့ကို ဘယ်လိုပြန်ရှင်းရမယ်မှန်း သိနိုင်မှာမဟုတ်ဘူး”
အယ်လီက မကျေမနပ်ပြောသည်။
“အစ်ကိုလင်း ညီမတကယ်ကို စိတ်ပျက်မိတယ်၊ အစ်ကို အခု လူသားမျိုးနွယ်ကို အရမ်းစိတ်ဝင်စားနေတာ မဟုတ်လား”
“ဘယ်သူ့စကားတွေကို နားထောင်လာပြန်ပြီလဲ”
“အစ်ကိုလင်း ညီမ ဘယ်သူ့စကားကို နားထောင်တာ နားမထောင်တာက အရေးမကြီးဘူး၊ လူတွေအများစုပြောနေတဲ့ အကြောင်းအရာပဲ၊ အစ်ကိုက ဒီလူသားတွေနဲ့အရမ်းကို နီးကပ်လွန်းနေခဲ့တယ်”
အယ်လီက အလေးအနက်ပြောလာသည်။
ဟိုင်လင်းက ခေါင်းကိုပြန်လှည့်ကာ အယ်လီကို ကြည့်ပြီး စိတ်ပျက်စွာဖြင့် ပြော၏။
“မင်းမှာ ငါ့ကို ဒီလိုသတိပေးပိုင်ခွင့်ရှိတယ် ထင်လို့လား”
အယ်လီ၏မျက်နှာက မိနစ်အနည်းငယ်ခန့် မဲ့သွားပြီးနောက် ပြော၏။
“အစ်ကိုလင်း ညီမ အစ်ကို့အတွက် စိုးရိမ်ရုံပါပဲ”
ဟိုင်လင်းက မပျော်တော့ပေ။
“ဒါက ငါ့ကိစ္စပါ၊ မင်း အာရုံစိုက်ဖို့ မလိုဘူးလို့ ထင်တယ်၊ ကိုယ့်မြို့ကိုသာ ပြန်တော့”
အယ်လီက ခေါင်းကိုငုံ့ကာ ပြောသည်။
“မယ်တော်က ညီမနဲ့လာတွေ့သွားခဲ့လို့ ညီမ လာမေးရတာပဲ၊ ညီမတို့ ဘယ်တော့ အတူရှိနိုင်မှာလဲ”
“မင်း အဲဒီရတနာကို ပြန်ရှာတွေ့မှပဲ ငါတို့ လက်ထပ်ကြတာပေါ့”
ဟိုင်လုံနှင့် ရေသူမျိုးနွယ်တို့ဟာ ပင်လယ်နယ်မြေတွင် မျိုးဆက်အဆက်ဆက် လက်ထပ်ခဲ့ကြသည်။ ဟိုင်လုံတော်ဝင်မိသားစုက ပင်လယ်ဘုရင်ပုတီးစေ့ကို ရတနာအဖြစ် လက်ဆောင်ပေးထားခဲ့ကာ ရေသူမမျိုးနွယ်က ထိန်းသိမ်းထားရမည် ဖြစ်သည်။ ဒါက ရေသူမ၏နှလုံးရတနာဟု ဆိုရမည်ဖြစ်သည်။ မိသားစုနှစ်စုဟာ ပျော်ရွှင်ပွဲကို ကျင်းပသည့်အခါ မျိုးဆက်အဆက်ဆက် လက်ခံပြီး ထိုပစ္စည်းများကို အလဲအလှယ်လုပ်ရသည်။ ထို့နောက် နောက်ထပ်မျိုးဆက်ကိုလည်း လက်ဆင့်ကမ်းရမည်ဖြစ်သည်။
သို့ရာတွင် ရေသူမ တော်ဝင်မိသားစုမှ ဘုရင်သေဆုံးသွားသည့်အချိန်တွင် သူတို့မိသားစုတွင် နောက်ထပ်ကျော်ကြားသည့်သူ ရှိမလာခဲ့သည့်အတွက် ရေသူမဘုရင်၏ထီးနန်းက အဖွဲ့သားများလက်သို့ ရောက်ရှိသွားခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ပင်လယ်ပုတီးစေ့ကို ဆုံးရှုံးသွားခဲ့ရသည်။
ဟိုင်ဝမ်ကျူဆိုသည်မှာ ဟိုင်လုံလူမျိုးစု၏ရတနာဖြစ်သည်။ ဟိုင်ဝမ်ကျူကို ဆုံးရှုံးခံလိုက်ရကတည်းက သူတို့ကြားရှိဆက်ဆံရေးက မကောင်းနိုင်တော့ပေ။
“ဟိုင်ဝမ်ကျူက အဲဒီလောက်အထိ အရေးကြီးလို့လား”
အယ်လီက မကျေမနပ်ပြောသည်။
ဟိုင်လင်းက ခေါင်းကိုမော့ကာ အယ်လီကို ကြည့်သည်။
“ငါ့ရဲ့ဟိုင်လုံလူမျိုးစုရဲ့ ဟိုင်ဝမ်ကျူက အရေးမကြီးဘူးလို့ မင်းက ပြောချင်တာလား”
အယ်လီက ဟိုင်လင်းကိုကြည့်ကာ နှုတ်ခမ်းကိုက်ပြီး ထွက်ပြေးသွား၏။ သူမ အလွန်ဒေါသထွက်မိသည်။
ဟိုင်လင်းက အယ်လီ၏ကျောပြင်ကို ကြည့်ကာ အလွန်စိတ်ပျက်သွားသည်။
“သခင်လေး သခင်မလေး အယ်လီကို အရမ်း စကားပြောတာ ကြမ်းသွားတယ်၊ ဘာပဲဖြစ်ဖြစ် သူမက ရေသူမမျိုးနွယ်ရဲ့မင်းသမီးပဲလေ”
ဟိုင်လင်းက အရိပ်အစောင့်က ဝင်ပြောလိုက်သည်။
ဟိုင်လင်းက ဂရုမစိုက်ပေ။
“ရေသူမ မင်းသမီးဖြစ်တော့ရော ဘာဖြစ်လဲ၊ ငါက ဘာလုပ်ရမှာလဲ”
တစ်ဖက်တော်ဝင်မိသားစုက ဘုရင်အဆင့်အာဏာကို ပိုင်ဆိုင်ခွင့်ရရန် မတန်ပေ။ သူကလည်း ထိုသို့ထင်ပေ၏။ ရေသူမိသားစုက အတွင်းပိုင်းတွင် ကွဲလွဲမှုများရှိနေခဲ့ကာ သူတို့မျိုးနွယ်အချင်းချင်းကလည်း မသင့်မြတ်ကြပေ။
အယ်လီက လှပသော်လည်း စိတ်သဘောထားက ဆိုးသည်။ ပင်လယ်နဂါးမျိုးနွယ်မှ မင်းသားမှ မဟုတ်လျှင် သူမနှင့်မတန်ဟုပင် ကြွေးကြော်ထားသူလည်းဖြစ်သည်။
“သခင်လေး မင်းသမီးအယ်လီကို လက်မခံလို့တော့ မရဘူး၊ ပင်လယ်နယ်မြေရဲ့ပုတီးစေ့ ပျောက်ဆုံးသွားလို့ပဲဖြစ်ဖြစ် သေချာပေါက် နာခံရတော့မှာ”
ဟိုင်လင်းက မျက်မှောင်ကြုတ်သည်။
“မင်း စကားအရမ်းများတယ်”
တစ်ဖက်သူက ပြုံးသည်။ စကားကို ဆက်မပြောတော့ပေ။ ဟိုင်လင်းက မျက်လုံးကို မှိတ်ထားကာ အိပ်ယာတွင်လှဲသည်။ သူ၏အတွေးများက ဖြန့်ကျက်နေ၏။
သူ့နှလုံးသားကို ဘယ်သူက ပိုင်တာလဲ၊ အဲဒီလူကိုတော့ ထည့်မတွက်သင့်ဘူး။
...

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now