အပိုင်း ၃၁၆
မေးလ်က ကျားပျံအဖွဲ့သို့ ငိုယိုကာပြန်သွားသည်။ အဖွဲ့မှသူများက အံ့အားတကြီးဖြစ်သွားကြ၏။ ရှင်းယာက အနားမှရှိသော စစ်သည်တော်တစ်ယောက်ကို မေးသည်။
"သူ ဘယ်လိုဖြစ်ပြီး ငိုပြီးပြန်လာတာလဲ"
"ငါလည်း မသိဘူးလေ"
အခြားစစ်သည်တော်များက မေးလ်ကို ဂရုစိုက်နေခြင်းမရှိပေ။
ခိုင်ဖုန်းက အခြေအနေကို သတိထားမိကာပြောလာ၏။
"ငါကြားထားတဲ့အတိုင်းဆိုရင် မေးလ်က ဖရက်ကို သွားရှာတယ်၊ ဖရက်က အခု အကြိုက်ပြောင်းသွားပြီဆိုတာလည်း သိရော သူ ထိတ်လန့်သွားတော့တာပဲ"
ဂျက်စီက အနားရောက်လာကာပြောသည်။
"မေးလ်က ဖရက်ကို သွားရှာတုန်းပဲကိုး၊ ဖရက်ကဖျားပြီး ပြန်ကောင်သွားတာနဲ့ အကြိုက်ပြောင်းသွားပြီလေ"
ခိုင်ဖုန်းက ဂျက်စီ၏ပခုံးကိုပုတ်သည်။
"စိတ်အေးအေးထားပါ မေးလ်က မင်းကို မကြိုက်ဘူးဆိုပေမဲ့ မင်းကို ကြိုက်တဲ့သူတွေ အဖွဲ့ထဲမှာအများကြီးရှိနေတာပဲ"
ဂျက်စီက ပြုံးသည်။ သူအစပိုင်းက မေးလ်ကိုလိုက်ခဲ့သည်မှာ မေးလ်က ဖရက် သဘောကျသောသူဖြစ်နေသောကြောင့်ဖြစ်သည်။ ယခု ဖရက်က မေးလ်ကို သဘောမကျတော့သောအခါ သူကလည်း မေးလ်ကို စိတ်၀င်စားခြင်းမရှိတော့ပေ။
...
ချီရှောက်ရုန်က ဝင်လာသူများကို ကြည့်ကာ ပြုံးလိုက်သည်။ သူတို့ အဖွဲ့ကြီးများ၏ ဆုံရပ်သို့ ရောက်လာခဲ့သည်မှာ ရက်အနည်းငယ်ရှိလေပြီ။ အခြားသူများက သူတို့လဲလှယ်လိုသော ပစ္စည်းများကို ရနိုင်သော အဖွဲ့များ၏ ဆိုင်ကို စုံစမ်းလေ့ရှိ၏။
"မင်း ပြန်လာပြီလား ဘယ်လိုနေလဲ"
ဖရက်က ပြုံးသည်။
"သမားတော် သမားတော်မှာလိုက်တဲ့ ပစ္စည်းနှစ်မျိုးလုံးကို ငါတို့ မရခဲ့ပါဘူး"
"ကိစ္စမရှိပါဘူး ဒီနှစ်ခုက ရဖို့ခက်ခဲတာပဲ"
ဖရက်က ပြုံးသည်။
