အပိုင်း ၃၁၄။
ဟန့်လေက စပ်စုလာသည်။
ကျွင်းဟောင်က ပြုံးလိုက်၏။
"မင်း အမြင်မှားတာပါ"
"ငါ အမြင်မှားတာလား"
ကျွင်းဟောင်က ခေါင်းညိတ်သည်။
"အင်း မင်းအမြင်မှားတာ"
ချီရှောက်ရုန်က ရယ်သည်။ ကျွင်းဟောင်က သားရဲသခင်ဖြစ်သည်ဆိုသော အကြောင်းကို သည်လူများက မသိထားပေ။
ချီရှောက်ရုန်က ကောင်းကင်ကြည့်ပြီးပြောသည်။
"နှင်းကျလာပြန်ပြီ"
"အအေးကြောက်တယ်ဆိုရင် သမားတော် ငါ အခုချက်ချင်းသွားပြီး မီးဖိုဖို့ ထင်းတွေ သွားရှာလိုက်ပါမယ်"
ဟန့်လေက ပြောသည်။
ချီရှောက်ရုန်က ပဟေဠိဖြစ်စွာဖြင့်ကြည့်၏။
"ဒီလောက်နှင်းတွေကျနေတာ ထင်းခြောက်တွေ ရှိနေသေးလို့လား"
"အဆင့်မြင့်စစ်သည်တော်တွေကို ဒီနှင်းတွေနဲ့လေတွေက မတားဆီးနိုင်ဘူး၊ နောက်ပြီး ထင်းခြောက်တွေကလည်း ရှိနေကြသေးတယ်"
ဟန့်လေက ပြောပြီးနောက် သူ့ရင်ဘတ်ကို ပုတ်သည်။ သူက ချက်ချင်းပင် မြောက်တက်တော့မတတ်ဖြစ်လာ၏။
ချီရှောက်ရုန်က သူ့ကိုကြည့်သည်။
"ဒါဆိုရင် မင်း ဂရုစိုက်သွားပါ"
ဟန့်လေက ခေါင်းညိတ်သည်။
ထို့နောက် သူ ချက်ချင်း ထွက်ပြေးသွားခဲ့၏။
ချီရှောက်ရုန်က သက်ပြင်းရှိုက်ပြီးပြောသည်။
"ဒီကောင်က အကောင်းမြင်စိတ်ရှိလွန်းတယ်"
ဖရက်ကလည်း ပြောသည်။
"ဟန့်လေက ဒီလိုပဲ"
သူတို့အပြန်လမ်းတွင် ရှင်းယာတို့နှင့်တိုက်ခိုက်နေသော နဂါးကို သတ်ခြင်းဖြင့် ကူညီပေးခဲ့သေးသည်။
ကိုယ်ဝန်သည်ဓားနဂါးက ကိုင်တွယ်ရ လွယ်ကူကာ သိပ်မကြာခင်၌ ဖြေရှင်းပြီးသွား၏။ ကြီးမားသော ဓားနဂါးကြီးကိုအဖွဲ့ထံသို့ ပြန်သယ်လာခဲ့ကြသည်။ ဒါက အဖွဲ့ကို အုတ်အော်သောင်းနင်းဖြစ်သွားကာ အောင်ပွဲခံမှုများဖြစ်လာစေ၏။ အဖွဲ့ခေါင်းဆောင်က လူများကိုခေါ်ကာ အသားနှင့်သွေးများကို ခွဲဝေပေးသည်။ သို့သော် ပမာဏက လုံလောက်ခြင်းမရှိပေ။
