အပိုင်း ၂၇၆
"ချီရှောက်ရုန်က သခင်လေးဆိုပေမဲ့ သူ့ရဲ့ မျိုးရိုးနာမည်ကို လိုက်ဖို့ မသင့်တော်ဘူး"
ကျော့ယွန်ဖေးက စိတ်လှုပ်ရှားစွာ ပြောသည်။
ချီဟန်က ခေါင်းကို လှည့်ကာ ပြော၏။
"ငါက သူ့ နောက်လိုက်မို့လို့ သူ့ မျိုးရိုးနာမည်ကို ယူထားတာ။ ဘာလဲ မင်းရဲ့ မျိုးရိုးနာမည်ကို ယူစေချင်လို့လား"
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ပြီးနောက် မျက်နှာထား ပြောင်းသွားကာ ပြော၏။
"တကယ်လို့ ငါ့ရဲ့ မျိုးရိုးနာမည်ကို ယူချင်ရင်လည်း အဆင်ပြေတယ်"
"ရူးနေလား၊ ဘာတွေ တွေးနေတာလဲ။ ဘာလဲ ငါ့ကို လက်ထပ်တော့မှာလား"
ကျော့ယွန်ဖေးလည်း ကြောင်အသွားပြီးနောက် ချီဟန်ကို ကြည့်သည်။
"ဘယ်သူက လက်ထပ်ချင်နေလို့လဲ"
"ဒါဆိုရင် ကောင်းတယ်။ ငါလည်း စိတ်မဝင်စားဘူး"
"ဘာလို့လဲ၊ ဘာလို့ လက်မထပ်ချင်ရပြန်တာလဲ။ ချီရှောက်ရုန်ရဲ့ အစောင့်အဖြစ် တစ်သက်လုံး နေသွားတော့မှာလား"
ကျော့ယွန်ဖေးက ပြောသည်။
"မင်း... မင်းရဲ့ ကိစ္စကို ပိုပြီး စိတ်ဝင်စားသင့်တယ်။ ပန်းလိုလှပတဲ့ စေ့စပ်ထားတဲ့ ဇနီးလောင်းနဲ့ သွားပြီး အချိန်ဖြုန်းသင့်တာ မဟုတ်လား"
"မင်းတို့ မြို့တော်မှာဆိုရင် ဒီလို အခွင့်အရေး ရှိမယ် မထင်ဘူး၊ မင်းက ငကြောက်ပဲ။ ဒီတော့ ဒီလို လုပ်နိုင်စွမ်းအား မရှိလောက်ပါဘူး"
ကျော့ယွန်ဖေးကလည်း လှောင်သည်။
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ပြီးနောက် အလွန်ဒေါသထွက်လာသည်။
"ငါ့ဘာသာ ဘယ်လောက်ပဲ သတ္တိရှိရှိ မရှိရှိ ဒါက ငါ့ကိစ္စ၊ ဇနီးမယား ရှစ်ယောက် ကိုးယောက် ဆယ်ယောက် ယူယူ မယူယူ ဒါတွေ အားလုံးက ငါ့ကိစ္စပဲ။ မင်းနဲ့ မသက်ဆိုင်ဘူး"
ကျော့ယွန်ဖေး"..."
...
ချီဟန်နှင့် ကျော့ယွန်ဖေးတို့ စကားအတန်ငယ် ပြောပြီးနောက် လူစုကွဲသွားသည်။ သိပ်မကြာခင်မှာပင် သူတို့၏ တည်းခိုဆောင်သို့ ချီဟန်က ပြန်ပြေးဝင်လာ၏။
