အပိုင်း ၂၁၃
အယ်လီက ရေထဲသို့ ကျသွားပြီးသည်နှင့် လှေက လှုပ်ခါလာသည်။ ပင်လယ်ငါးမန်းတစ်ကောင်က လှေကို ထိုးခွဲလာခဲ့ကာ အပေါက်ကြီးဖြစ်သွား၏။
"လှေ မှောက်တော့မယ်"
ပိုင်လျှိုယွန် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်သည်။
"သခင်လေး သခင်လေးက ရှေ့ပြေးကို ကြိုမြင်နေတာပဲ"
သူ ပြန်တွေးလိုက်သည်။ သူ ထွက်မလာခင်က သခင်လေးက စိုးရိမ်လွန်းနေသည်ဟု ထင်ခဲ့သော်လည်း ဒါက အမှန်တရား ဖြစ်နေခဲ့၏။
ပင်လယ်ပြင်ထဲမှ ရေတိုင်တစ်ခုက ကောင်းကင်တွင် ထိုးတက်သွားသည်။ အယ်လီ၏ပုံရိပ်က ရေထဲတွင် ထွက်ပေါ်လာခဲ့၏။
"ဟိုင်လင်း လူသားတစ်ယောက်ကြောင့်နဲ့ နင်က ငါ့ကို ဒီလိုလုပ်ရဲတယ်"
အယ်လီက သူမ၏ မှော်တုတ်တံကို ရမ်းလိုက်ကာ လှေကို ရိုက်ချလိုက်သည်။ ဟိုင်လင်းက လက်ကို ရမ်းလိုက်ရုံမျှဖြင့် ကြီးမားသည့်လှိုင်းကြီးက ပျောက်ကွယ်သွားခဲ့၏။ အယ်လီက ဒေါသထွက်သွားကာ ဟိုင်လင်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။ သူမ၏စိတ်ထဲတွင် ဆက်တိုက်ပင် အော်ဟစ်သံကို ကြားလိုက်ရတော့၏။
ပင်လယ်ငါးမန်းက လှေကို တိုက်ခိုက်လိုက်ရာမှ ရုတ်တရက်ပြင်းထန်စွာဖြင့် လှေနှင့် ရိုက်ခတ်မိသွားသည်။ သူက ဆက်တိုက် အရိုက်ခံနေရ၏။ ပိုင်လျှိုယွန် မျက်မှောင်ကြုတ်သည်။ သူ၏စိတ်ထဲတွင် မနာလိုကြီးသည့် အမျိုးသမီးက ဘာမှ တတ်နိုင်စွမ်းမရှိသည့်အခါ ခံစားနေရမည့် ခံစားချက်ကိုပင် သတိရသွား၏။
ဟိုင်လင်းက လက်ကို ယမ်းလိုက်သည်။ ထိုအခါ သူ၏လက်ထဲတွင် ပင်လယ်ဘုရင်မှော်တုတ်တံက ထွက်ပေါ်လာခဲ့၏။ ဟိုင်လင်းက ထိုတုတ်တံကို ကိုင်ထားလိုက်ရုံမျှဖြင့် ရွှေရောင်အလင်းများ လင်းလက်လာခဲ့သည်။ ပင်လယ်ထဲမှ ရေသူမ အမျိုးသမီးက သည်မြင်ကွင်းကို ကြည့်ကာ ပင်လယ်ထဲသို့သာ ပြန်လည်ခုန်ချသွားခဲ့သည်။
ဟိုင်လင်းက အယ်လီကို အေးစက်စွာကြည့်သည်။ သူက မပျော်မရွှင်ပြော၏။