235 01
အပိုင်း ၂၃၅
ကျွင်းဟောင်က တိတ်နေသည့်အခါ သူက ဆက်ပြောသည်။
"ကိစ္စတော့မရှိပါဘူး၊ ဒါပေမယ့် ဘယ်လောက် အရေအတွက် လိုချင်လဲဆိုတာကို မေးလို့ရမလား၊ အရည်အသွေးကတော့ မြင့်မှာမဟုတ်ဘူး၊ ကျွန်တော့်နည်းနဲ့ ရှာပေးလို့ရတယ်"
ကျွင်းဟောင်သည် ပိုင်လျှိုယွန်ကို ကြည့်ကာ ပြောလိုက်သည်။
"၁၀ ပေါင်"
"ဒါက တကယ်များတာပဲ"
ဟိုင်လင်း၏ အကြည့်မှာ အေးစက်သွားသည်။
ကျွင်းဟောင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
"ငါ လိုချင်တာမဟုတ်ဘူး၊ အရှင်မင်းကြီး လိုချင်နေတာ"
"ခင်ဗျားတို့ရဲ့ဘုရင်က အရမ်းကို လောဘကြီးတာပဲ"
ကျွင်းဟောင်ကလည်း ခေါင်းညိတ်သည်။
"သေချာတာပေါ့"
ကျွင်းဟောင်ကလည်း လျှာသွက်သည်။ သူသည်လည်း သည်ကိစ္စကို မကျေနပ်ပါပေ။ မည်သို့ပင်ဆိုစေ လူသားမျိုးနွယ်သို့ ထိုမျှပမာဏများစွာ ပေးလိုက်မည်ဆိုလျှင် လူသားမျိုးနွယ်က သာသွားပေလိမ့်မည်။ ပင်လယ်မျိုးနွယ်ဝင်သား တွေက ဒါကိုခွင့်ပြုလိမ့်မည် မဟုတ်ပေ။
"၁၀ ပေါင်က များတယ်၊ နည်းလမ်းရှာပြီး ကူညီပေးရင်တောင်မှ ၃ ပေါင်ပဲ ရနိုင်မယ်"
ကျွင်းဟောင်က ပြုံးသည်။
"ဒါဆိုလည်း အလုပ်ဖြစ်ပြီ"
"ကျွန်တော် ကြားတဲ့အတိုင်းဆိုရင် အရှင်သခင်က ညလမ်းလျှောက်သူကို ကယ်လိုက်နိုင်တယ်ဆို"
ဟိုင်လင်းက မေးသည်။
ကျွင်းဟောင် အံ့ဩသွား၏။ "ပင်လယ်မျိုးနွယ်ဝင်က တိတ်ဆိတ်ပေမယ့် သတင်းရတာတော့မြန်သားပဲ"
"ညလမ်းလျှောက်သူက အရှင်သခင်ကို လာမရှာခင်မှာ ဟိုင်မျိုးနွယ်စုက တစ်ဖွဲ့လုံးက ဒီအကြောင်းကို သိခဲ့ပြီးသားပဲ၊ သူက သမားတော်များများနဲ့ ပြသခဲ့တယ်ဆိုတော့ အခု သူ ကောင်းနေတဲ့ ရွှင်လန်းနေတဲ့ ပုံစံကိုကြည့်ရုံနဲ့ အရှင်သခင် ကုလိုက်နိုင်ကြောင်းကို သိနိုင်တယ်လေ" ဟိုင်လင်းက ပြောသည်။