239 01
အပိုင်း ၂၃၉
သိပ်မကြာခင်မှာပင် ကျွင်းဟောင်နှင့် ချီရှောက်ရုန်တို့က ထိုနဂါး သေသွားသည့် နေရာမှ ထွက်လာပြီး ဆိုင်လာဆီ ပြန်လာခဲ့သည်။
နောက်ဆုံးတစ်ကြိမ် သူတို့ ဆိုင်လာနှင့် တွေ့ခဲ့ချိန်တွင် သူသည် ကြီးမားသည့် ရေဘဝဲ၏ အလိုက်ခံနေရသည်။ ထိုတစ်ကြိမ်တွင်မူ ကဏန်းတစ်ကောင်၏ အလိုက်ခံနေရ၏။
ချီရှောက်ရုန်မှာ ထိတ်လန့်တကြား ဖြစ်နေသည့် ဆိုင်လာကို ကြည့်ကာ နှုတ်ခမ်းထောင့်များက ကောင့်တက်သွားသည်။
"မင်းတို့နှစ်ယောက် မြန်မြန်လာပြီး ကူညီလေ"
သေရေရှင်ရေး အခြေအနေတွင် ဆိုင်လာသည် သူ၏ မျက်နှာကို ဂရုစိုက်မနေတော့ဘဲ အော်၍ အကူအညီ တောင်းလိုက်သည်။
ကျွင်းဟောင်သည် ကျောက်တုံးကြီး တစ်တုံးကို ကန်လိုက်၏၊ ထိုအခါ ထိုကျောက်တုံးများက သူ့နောက်သို့ လိုက်နေသည့် ကဏန်းကို ထိကာ လွင့်ထွက်သွားစေသည်။ ထိုအခါမှ ဆိုင်လာလည်း အသက်ဖြောင့်ဖြောင့် ရှူနိုင်၏။
"ခင်ဗျား အဆင်ပြေရဲ့လား"
ချီရှောက်ရုန်က မေးလိုက်သည်။
ချီရှောက်ရုန်သည် ထိုပင့်ကူ ဆိုင်လာ၏ တစ်ကိုယ်လုံးက ထိတ်လန့်ဖွယ် စုတ်ပြတ်သတ်နေကြောင်း မြင်လိုက်ရသည်။ သူ အချိန်တစ်ခုကြာ ဒုက္ခရောက်ခဲ့ပုံရ၏။
ဆိုင်လာမှာ အသက်ကို ပြင်းစွာရှူလျက်
"အဆင်ပြေပါတယ်"
ချီရှောက်ရုန်မှာ လက်ပိုက်လျက် ဆိုင်လာကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
"အကြီးအကဲ၊ အကြီးအကဲကို တွေ့တဲ့အချိန်တိုင်း ပင်လယ်သားရဲတွေနဲ့ တိုက်ခိုက်နေတာပဲ။ ပင်လယ်လူမျိုးတွေက ပင်လယ်ကို ကိုးကွယ်ကြတယ်။ အချင်းချင်း မတိုက်ခိုက်ကြဘူးဆို"
ဆိုင်လာ၏ မျက်နှာမှာ ရှုံ့မဲ့သွားသည်။ သူက တမင်သက်သက် ပြဿနာသွားရှာခြင်း မဟုတ်ဘဲ ထိုအကောင်များကသာ သူ့နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်၏။