အပိုင်း ၂၈၃
"ကျော့သခင်လေး ပြန်လာပြီ၊ ကျော့သခင်လေးပြန်လာပြီ"
"ကျော့သခင်လေးက အံ့ဩဖို့ကောင်းလိုက်တာ၊ ကျော့သခင်လေး ပါသွားတော့ မင်းသားလီယင်တောင်မှ အလှလေးကို ထိန်းထားလိုက်နိုင်ပြီ"
"သခင်လေးအာဏာက တော်ရုံတန်ရုံမှ မဟုတ်တာ၊ နောက်ပြီး သခင်လေးက အသက်ငယ်တော့တာ မဟုတ်ဘူး၊ သူ ဘယ်တော့များ မင်္ဂလာဆောင်မှာလဲ"
"နောက်ပြီး သခင်လေးက ဘယ်မှာလဲ၊ ငါ တခြားစီရင်စုကနေတောင် ဒီနေရာထိရောက်လာခဲ့တာက သခင်လေးကို မြင်ချင်လို့ပဲ၊ ငါ ကံကောင်းပါ့မလား မသိနိုင်ဘူး"
"တခြားစီရင်စုဟုတ်လား၊ ငါ စီရင်စုပေါင်းများစွာကို ကျော်ဖြတ်ပြီး ဒီအထိ လိုက်လာတာ"
"..."
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်လိုက်သည်။ ကျော့ယွန်ဖေးက မျက်လုံးမှိတ်ထား၏။ သူ ကျော့ယွန်ဖေးကို ကန်လိုက်တော့သည်။
"မင်း စံအိမ်ကို သွားတော့မှာလား"
"ဟုတ်တယ်"
"မင်း ငါ့ကို ဘယ်နားမှာ ချပေးခဲ့မှာလဲ"
"မစိုးရိမ်နဲ့၊ သေချာပေါက် ငါ့ရဲ့ ကျော့စံအိမ်ကို ခေါ်သွားရမှာပေါ့"
ကျော့ယွန်ဖေးက တည်ငြိမ်စွာ ပြန်ဖြေသည်။
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်ကာ ပြော၏။
"မင်း ငါ့ကို မင်းရဲ့ကျော့စံအိမ်တော်မှာတော့ နေခိုင်းမှာ မဟုတ်ပါဘူးနော်"
ကျော့ယွန်ဖေးက ခေါင်းညိတ်ကာပြော၏။
"ဒါပေါ့၊ မင်း ငါ့အိမ်တော်မှာ မနေရင် ဘယ်မှာသွားနေမှာလဲ၊ မင်းရဲ့ခြေတွေလက်တွေကမှ မသန့်တာ၊ ငါ့ရဲ့ မျက်စိရှေ့အောက်မှာ ထားမှ စိတ်ချရမှာပေါ့"
ချီဟန်၏မျက်နှာအမူအရာက မည်းမှောင်သွားသည်။ ချီဟန်က ရွှေရောင်ကတ် တစ်ကတ်ကို ထုတ်ကာ ကျော့ယွန်ဖေးကို ပြပြီးနောက် ပြောလိုက်၏။
"ဒါက ဘာလဲ သိလား"
"မသိဘူး"
"ဒါက ရှန်းမန်အဖွဲ့အစည်းက သီးသန့်ထုတ်ပေးထားတဲ့ အထူးငွေကတ်ပဲ၊ ဒီကတ်နဲ့ဆိုရင် ငါက ကျင်းတိုင်းပြည်က ရွှေပြားသန်းနှစ်ရာအထိ ထုတ်နိုင်တယ်၊ ကျင်းတိုင်းပြည်က တည်းခိုခန်းတွေကို ငါ အချိန်မရွေး ၀ယ်လိုက်လို့ရတယ်၊ ဒီတော့ ခေါ်ထားဖို့မလိုဘူး"