241 01
အပိုင်း ၂၄၁
ရှန်းမန်က မျက်မှောင်ကြုတ်ကာ -
"ချီရှောက်ရုန်ရဲ့ အင်အားနဲ့ဆိုရင် သူက ပင်လယ်က အင်အားစုကြီးတွေနဲ့ ဆက်သွယ်နိုင်စွမ်း ရှိတယ်"
ဒါက ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။
"ငါ ကြားထားတဲ့ အတိုင်းဆိုရင် ချီရှောက်ရုန်ရဲ့ နောက်လိုက် ပိုင်လျှိုယွန်က ထန်းလုံစီးပွားရေး လုပ်ငန်းစုက သခင်လေးနဲ့ ပတ်သက်မှု ရှိနေတဲ့ပုံပဲ"
"သူတို့ရဲ့နောက်ခံက အရမ်းလျှို့ဝှက်ဆန်းကြယ်ပြီး ကြီးမားတဲ့အင်အားစုကြီး မဟုတ်လား"
သူတို့ထိတ်လန့် သွားကြသည်။
"ရှန်းယွမ်ဆီက ဘာသတင်းကြားလဲ"
ရှန်းမန်က ခေါင်းခါသည်။
"ကျွန်မနဲ့ မောင်လေးနဲ့က မရင်းနှီးတော့ သူတစ်ခုခု သိရင်တောင်မှ ကျွန်မကို ပြောပြမှာ မဟုတ်ဘူး"
"ထားလိုက်ပါတော့"
...
ရီဖန်၏စံအိမ်တွင် ....
ရီဖန်သည် မျက်နှာသေဖြင့် စားပွဲတွင် ထိုင်နေသည်။ မူတင်းရွှယ်က လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။
"အားဖန် ဘာဖြစ်လို့လဲ"
"ဒီအတိုင်း သခင်လေးကို စိုးရိမ်လို့ပါ"
မူတင်းရွှယ်သည် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။
"သခင်လေးက အရမ်းတော်တဲ့သူပဲ၊ ကံလည်း အရမ်းကောင်းတယ်။ ဒီတော့ သူ အဆင်ပြေမှာပါ"
"အင်း သခင်လေးက အဆင်ပြေမှာ သေချာတယ်"
"ဟုတ်သားပဲ၊ ဒီတစ်ကြိမ် ပိုင်ဟိုင်ပြင်ကျယ်ကို စေလွှတ်ခံရမဲ့သူက ဒုတိယမင်းသား ဖြစ်လောက်တယ်"
မူတင်းရွှယ်လည်း ခေါင်းညိတ်လိုက်သည်။
"ငါလည်း သူဖြစ်မယ်လို့ပဲ ထင်တယ်"
စတုတ္ထမင်းသားက သွားချင်နေသည်။ သို့သော် အင်ပါယာက သဘောတူလိမ့်မည် မဟုတ်ပေ။
"လျှိုယွန်လည်း ရှိနေတာဆိုတော့ သခင်လေးတို့ အဆင်ပြေမှာပါ"