Part 244

1.2K 162 0
                                    

အပိုင်း ၂၄၄

ဟိုင်လင်းက လှေကားများပေါ်တွင် ရပ်နေခဲ့ရာမှ ထန်းထျန်းဖုန်းကို ကြည့်သည်။ သူ၏နှုတ်ခမ်းတွေက ကော့တက်သွားခဲ့၏။

"သခင်လေးက ဖြစ်နိုင်တာက ..."

ဟိုင်လင်းက လက်ကာပြ၏။

"ကိစ္စမရှိဘူး၊ လာပါစေ၊ ဒါက ငါတို့ကိစ္စ မဟုတ်ဘူး၊ ချီရှောက်ရုန်က ဖျော်ဖြေပေးပါလိမ့်မယ်"

ထန်းထျန်းဖုန်းက ထန်းလုံ စီးပွားရေး လုပ်ငန်းစုကို တစ်ချက်ကြည့်ပြီးနောက် ထွက်သွားသည်။

"မင်းသား ဒီလုပ်ငန်းစုရဲ့ နောက်ကွယ်က လူက ဟိုင်လုံမျိုးနွယ်စု ကလန်ခေါင်းဆောင် တစ်ယောက်လို့ ပြောကြတယ်၊ နောက်ပြီး သခင်လေးချီနဲ့လည်း ပတ်သက်နေတယ်"

ထန်းထျန်းဖုန်း၏ ကိုယ်ပိုင်သက်တော်စောင့်က ပြောသည်။

ထန်းထျန်းဖုန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး -

"ငါ သိတယ်"

ပိုင်လျှိုယွန်နှင့် ဟိုင်လင်းတို့ သတင်းကို ထန်းထျန်းဖုန်း ရထားပြီးသား ဖြစ်သည်။ သို့သော် အတည်မပြုနိုင်သေးပေ။ ထန်းထျန်းဖုန်းက ထန်းလုံစီးပွားရေး လုပ်ငန်းမှ ထွက်လာပြီးနောက် မြို့အရှင်စံအိမ်သို့ ရောက်လာခဲ့၏။

"မင်းသား နှစ် ရောက်လာပြီပဲ၊ မင်းသား လာတယ်လို့ ကြားကတည်းက စောင့်နေခဲ့တာ"

ချီရှောက်ရုန်က လေးစားစွာပြောသည်။

"ကျေးဇူးတင်ပါတယ်၊ ချီသခင်လေး၊ ငါ့ရဲ့အမှားပါ"

ထန်းထျန်းဖုန်းက ကြင်နာစွာဖြင့် ပြောလိုက်သည်။ သူက အလွန်ရင်းနှီး ကျွမ်းဝင်နေပုံရ၏။

ကျွင်းဟောင်ကလည်း မြို့အရှင်စံအိမ်ထဲမှ ထွက်လာသည်။

ထို့နောက် ထန်းထျန်းဖုန်းသည် ကျွင်းဟောင်ကိုကြည့်ကာ ပြောလိုက်သည်။

"သခင်လေးကျွင်း သခင်လေးကျွင်းကတော့ ပိုပိုပြီး ကြည့်ကောင်းလာတာပဲ၊ အင်ပါယာမြို့တော်မှာ မဟုတ်ပေမဲ့ ဒီအချိန်အတောအတွင်းမှာ သခင်လေးက စိတ်အေးချမ်းသာနေတဲ့ ပုံပါပဲ၊ အင်ပါယာမြို့တော်က အခြားသူတွေက တောက်ပတဲ့ အနာဂါတ်ကို ရနေတယ် ဆိုပြီးတော့တောင် စနောက်နေကြသေးတယ်"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now