အပိုင်း ၂၁၆
ပိုင်လျှိုယွန်က ချီရှောက်ရုန်၏အမူအရာကို ကြည့်ကာ မေး၏။
"သခင်လေး အဆင်ပြေရဲ့လား"
ချီရှောက်ရုန်က ခေါင်းခါ၏။
"မပြေဘူး"
ချီဟန်က ကျွင်းဟောင်ကို ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးစွာမေးလာ၏။
"သခင်လေးကျွင်း ကောင်းကောင်း မအိပ်ခဲ့ရဘူးလား၊ သခင်လေးကျွင်းနဲ့ သခင်လေးတို့ ..."
ကျွင်းဟောင်က ပြုံး၏။
"မင်း ထင်သလိုမဟုတ်ဘူး၊ ဒါပေမဲ့ အဲဒီလိုတွေးတာကောင်းတယ်"
"မနေ့ညက ညလယ်ခေါင်အထိ လူတစ်ယောက် ရောက်လာပြီး မျက်နှာမြှင့်ချင်တယ်၊ မျက်နှာပြင်ဆင်ချင်တယ်၊ အဆီတွေ ထုတ်ချင်တယ်ဆိုပြီး ပြောခဲ့တယ်"
ချီရှောက်ရုန်က ဆံပင်ကို ဆွဲဖွလျက်မကျေမနပ်ပြောသည်။
ချီဟန်က ချီရှောက်ရုန်ကို ကြည့်သည်။
"တစ်စုံတစ်ယောက်က ညလယ်ခေါင်ကြီးတောင် မစောင့်ဆိုင်းနိုင်တော့လို့ ချက်ချင်း ရောက်လာတာရော မဖြစ်နိုင်ဘူးလား"
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
"ဟုတ်လောက်ပါတယ်၊ ဒါပေမဲ့ သူ့ကို လုပ်ပေးရတာက အချိန်အရမ်းကြာသွားတယ်၊ အဲဒီမျိုးမစစ်က နောက်ဆုံးတော့ ဘုတ်ပြားတစ်ခုပေါ်မှာ သူ့လက်မှတ်ထိုးပြီး ပေးသွားခဲ့တယ်လေ"
"ဘယ်လို"
ပိုင်လျှိုယွန် သိချင်သွားသည်။
ချီရှောက်ရုန်က ထိုလက်မှတ်လေးကို ထုတ်ပြလိုက်သည့်အခါ ပိုင်လျှိုယွန်က ထိုလက်မှတ်ကို ကြည့်ပြီး ပြောလိုက်၏။
"သခင်လေး သခင်လေး တကယ်တော့ အကျိုးအမြတ်ကြီးကြီး ရလိုက်တာနော်၊ တကယ်တော့ ဒါက ဘုတ်ပြားမဟုတ်ဘဲ ငါးမန်းတောင်ပံလို့ ပြောရမှာ၊ ဒီပစ္စည်းကိုသာ ယူသွားပြီး ငါးမန်းအဖွဲ့အစည်းကြီးကို သွားမယ်ဆိုရင် သခင်လေးအနေနဲ့ ကြီးမားတဲ့ အခြေအနေကြီးတစ်ခု တောင်းဆိုရင်တောင်မှ သူတို့က လက်ခံပေးလိမ့်မယ်"
![](https://img.wattpad.com/cover/344407063-288-k81310.jpg)