Part 264

897 109 0
                                    

264 01

အပိုင်း ၂၆၄

ချီဟန်က သူ့ကို အေးစက်စွာကြည့်သည်။ သူက ဘာစကားမျှ မပြောပေ။

"မင်း ပေါက်ကရတွေ လာပြောမနေနဲ့"

"မင်း"

ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာ အံကြိတ်ထားသည်။

ရွှေရောင်ငှက်ကြီးကို ကြည့်ကာ ကျော့ယွန်ဖေးက မုန်းတီးနေ၏။

"ဒီသေချင်နေတဲ့ငှက်ကတော့"

ကျော့ယွန်ဖေးက မှော်တုတ်တံကို ရမ်းလိုက်ပြီးနောက် မိုးကြိုးစွမ်းအင်များက ထွက်ပေါ်လာခဲ့ကာ ထိုအကောင်ကို ထိသွားပြီး တစ်ကိုယ်လုံးကို စုတ်ပြတ်သတ်သွားစေလေ၏။

ထိုငှက်ကြီး၏တစ်ကိုယ်လုံးက တန်ဖိုးကြီးသည့်ဆေးသတ္တိများ ရှိနေခဲ့သော်လည်း ယခုကဲ့သို့ ဆုတ်ဖြဲခံလိုက်ရသည်။

ထန်းထျန်းယင်က ပြောသည်။

"

ဟန်သခင်လေး အဆင်ပြေရဲ့လား"

ချီဟန်က ခေါင်းခါသည်။

"ရပါတယ်၊ ဒဏ်ရာနည်းနည်းပဲ ရသွားတာပါ၊ ကိစ္စမရှိဘူး"

သူက ရွှေရောင်ငှက်ကို တစ်ချက်ကြည့်လိုက်ကာ မသက်မသာ ဖြစ်နေခဲ့၏။ ထန်းထျန်းယင်က ပြုံးကာ ကျော့ယွန်ဖေးကို ကြည့်သည်။

"ကျေးဇူး အများကြီးတင်ပါတယ်"

ကျော့ယွန်ဖေးက နှာခေါင်းရှုံ့သည်။ သူက ခေါင်းကိုလှည့်ကာ ထန်းထျန်းယင်ကို လျစ်လျူရှုလိုက်၏။ ထန်းထျန်းယင်က မျက်တောင်ခတ်ကာ တွေးလိုက်၏။

ဒီသခင်လေးကတော့ တော်တော်လေးကို စိတ်ပျက်ဖို့ကောင်းတာပဲ။

"မင်းသားလေး သွားစို့"

ထန်းထျန်းယင်ကလည်း ခေါင်းညိတ်သည်။

"ကောင်းပြီ"

ထန်းထျန်းယင်က သက်ပြင်းရှိုက်သည်။ သူ စိတ်ထဲ ဝမ်းနည်းနေခဲ့၏။ ကျော့ယွန်ဖေး၏အမြင်တွင် သူက အာရုံဖမ်းစားနိုင်ရန်ပင် မထိုက်တန်ပေ။ ကျော့ယွန်ဖေးက ချီဟန်ကိုသာ အာရုံစိုက်၏။ ချီဟန်ကမူ ကျော့ယွန်ဖေးကို ကျေးဇူးတင်စိတ်ပင်မရှိပေ။

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now