Part 204

1.4K 196 3
                                    

Unicode
အပိုင်း ၂၀၄

ရေသူမျိုးနွယ်၏နန်းတော်တွင်။
“မယ်တော်ရော ဟိုင်ဝမ်ကျူကို ဘယ်သူမှ သွားမရှာနေကြဘူးလား”
အယ်လီက မကျေမနပ်ပြောသည်။
အိုင်ရီနာက အယ်လီကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြော၏။
“ဟိုင်ဝမ်ကျူက ပျောက်သွားတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ ဘယ်လိုလုပ် ရှာတွေ့တော့မှာလဲ၊ အတိတ်အချိန်တုန်းက ခမည်းတော်က အတတ်နိုင်ဆုံး ရှာခဲ့သေးပေမဲ့ ဘာများ အကျိုးထူးခဲ့သေးလို့လဲ”
“မယ်တော်က ဘာလို့ ဒီလောက်အရေးကြီးအရာကို ဖျောက်ခဲ့တာလဲ”
“ပင်လယ်ဘုရင်ပုတီးလုံးက အရင်ကတည်းက ရေသူမျိုးနွယ်တွေရဲ့ ရတနာပစ္စည်းပဲ၊ ရေသူမျိုးနွယ်ဘုရင် သေဆုံးသွားခဲ့လို့၊ အင်ပါယာက ထီးနန်း လစ်လပ်နေခဲ့တယ်၊ ရေသူမျိုးနွယ်ရဲ့ရတနာသိုက်ကလည်း အပိတ်ခံလိုက်ရတယ်၊ ဒါပေမဲ့ ရတနာသိုက်ပြန်ဖွင့်တဲ့အချိန်မှာ အရာအားလုံးရှိနေတာပဲလေ၊ အဲဒီတစ်ခုပဲ ပျောက်ဆုံးနေခဲ့တာ”
အိုင်ရီနာက ပြောသည်။
အယ်လီက လက်သီးဆုပ်ကာ ပြော၏။
“ဟိုင်ဝမ်ကျူ မရှိရင် ဟိုင်လင်းက သမီးတော်ကို လက်ထပ်ချင်မှာ မဟုတ်ဘူး”
အိုင်ရီနာက သက်ပြင်းချကာ အယ်လီ၏ပခုံးကို ပုတ်သည်။
“မစိုးရိမ်ပါနဲ့အယ်လီ သမီးတော်က မယ်တော်တို့ ရေသူမျိုးနွယ်မှာ အလှဆုံးပဲလေ၊ ဟိုင်လင်းသာ သမီးတော်ကို မကြိုက်ရင် ဘယ်သူ့ကို ကြိုက်တော့မှာလဲ”
“မယ်တော် ဟိုင်ဝမ်ကျူကို စုံစမ်းရှာဖွေလို့ရမဲ့ နည်းလမ်းမရှိတော့ဘူးလား”
“တစ်ယောက်တော့ ရှိသေးတယ်”

“ဘယ်သူလဲ”
“အဲဒီသူက ငါ့ရဲ့ရေသူမျိုးနွယ်ကို အရှက်ရစေတဲ့ မင်းသမီးရွှယ်ဖေးအာပဲ”
“ရေသူမျိုးနွယ်မိသားစုရဲ့မင်းသမီးက မျက်နှာသာ ကြီးတယ်၊ နောက်ပြီး အဲဒီပင့်ကူကောင်လည်း ရှိနေသေးတယ်၊ ရွှယ်ဖေးအာကြောင့်သာ မဟုတ်ရင် မယ်တော်တို့ အခုလို ဘယ်လိုဖြစ်လာပါ့မလဲ၊ မင်းသမီးရွှယ်ဖေးအာက သီချင်းဆိုရင်  အသံအရမ်းဆိုးပြီး ရုပ်ကလည်း ဆိုးလွန်းတယ်၊ ရေသူမျိုးနွယ်က အကြီးအကဲတွေကလည်း သူ့ကို သဘောမကျကြဘူး၊ ကြားထားတဲ့အတိုင်းဆိုရင် အရင် ရေသူမျိုးနွယ်ရဲ့ဘုရင်က သူ့ရဲ့ဒီညီမကို အရမ်းချစ်တယ်ဆိုပဲ”
“သူမရဲ့ လုပ်နိုင်စွမ်းက သိပ်မကောင်းဘူးဆိုပေမဲ့ အရှင်မင်းကြီးက သူ့ကို ချစ်ခဲ့တာဆိုတော့ အရမ်းကို ထောင်လွှားခဲ့တဲ့ပုံပဲ၊ သူက အရွယ်ရောက်လာတဲ့အချိန်တော့ လူသားလောကကို ထွက်သွားပြီး လူသားတစ်ယောက်နဲ့ ချစ်မြတ်နိုးသွားတယ်၊ သမီးတော် သိတဲ့အတိုင်းပဲ လူသားမျိုးနွယ်ထဲကို ဝင်ရောက်ပြီးသွားပြီဆိုရင် ဘယ်နည်းနဲ့မှ ဒီကို ပြန်မလာနိုင်တော့ဘူးလေ”

အယ်လီက မျက်လုံးပြူးသွားကာ ပြော၏။
“မယ်တော် မယ်တော်ဆိုလိုတာက ဟိုင်ဝမ်ကျူက မင်းသမီးရွှယ်ဖေးအာ လက်ထဲကို ရောက်သွားတယ်လို့လား”
အိုင်ရီနာက သက်ပြင်းချ၏။
“ဖြစ်နိုင်ခြေကိုပဲ ပြောတာပါ၊ မသေချာပါဘူး၊ တကယ်လို့ ရွှယ်ဖေးအာလက်ထဲကို ရောက်သွားပြီဆိုရင်တောင်မှ ရှာလို့မတွေ့နိုင်ဘူး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ သူမက သေသွားပြီ”
အယ်လီ “…”
“ဟိုင်လုံရဲ့ လူတွေက လျှို့ဝှက်ဆန်းကြယ်တယ်၊ သူတို့က ဟိုင်ဝမ်ကျူရှိတဲ့နေရာကို ရှာဖွေနိုင်ခဲ့တယ်၊ ဒါပေမဲ့ ပင်လယ်မျိုးနွယ်ထဲမှာ လုံးဝမတွေ့ဘူးဆိုတော့ ဒီလောကမှာ မရှိတာက အသေအချာပဲ”
အိုင်ရီနာက ပြောသည်။
အယ်လီ၏မျက်လုံးက ကြောင်သွားကာ ပြော၏။
“ဆိုတော့ ကုန်းမြေပေါ်မှာလား”
အိုင်ရီနာ မျက်မှောင်ကြုတ်သည်။
“ပင်လယ်မျိုးနွယ်ဝင်သားအများစုက ဒီပင်လယ်အနက်ရှိုင်းဆုံးအပိုင်းကနေ မထွက်ခွာနိုင်ကြဘူးလေ၊ သူတို့ ထွက်ခွာသွားရင်တောင်မှ အချိန်အကြာကြီးနေနိုင်တာမှ မဟုတ်တာ၊ အဲဒါ ကကုန်းမြေမှာ ရှိတယ်ဆိုရင် ငါတို့ ဘယ်လိုရှာရတော့မှာလဲ၊ အဲ့ဒါက အဆပေါင်းများစွာ ပိုခက်နေသေးတယ်”

စံအိမ်အတွင်းတွင်။
ပိုင်လျှိုယွန်က ကောင်းကင်ပြာကို ကြည့်သည်။ ထို့နောက် မိုးပြာရောင်ပုတီးလုံးလေးကို စားပွဲပေါ်သို့ တင်လိုက်၏။ ထိုပုတီးလုံး၏အပေါ်တွင် ချိတ်စည်းတစ်ခုရှိနေခဲ့ကာ အနည်းငယ် အက်ကွဲသည့် ပုံသဏ္ဍာန်ဖြစ်သည်။
ပိုင်လျှိုယွန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အမေ ဟိုင်ဝမ်ကျူက တကယ်ပဲ လူတွေကို တော်ဝင်အဆင့်ကို ရအောင် လုပ်ပေးနိုင်တာလား”
ဟိုင်ဝမ်ကျူက ဖျော့တော့သည့်အလင်းရောင်ကို လွှတ်ထုတ်ပေးလာခဲ့သည်။ တစ်ခဏကြာပြီးနောက် သူ ပျင်းသွားတော့ကာ ထိုအရာလေးကို ပြန်သိမ်းထားလိုက်၏။
အနာဂတ်မှာ သား ဒါကို ထုတ်မကြည့်ရဘူးနော်၊ ဒီလိုဆိုရင် ဟိုင်ဝမ်ကျူရဲ့တည်ရှိမှုစွမ်းအင်ကို ဟိုင်လုံမိသားစုတွေ ခံစားမိသွားလိမ့်မယ်၊ အဲဒီပေါ်မှာရှိနေတဲ့ ချိတ်စည်းတံဆိပ်က သူတို့အားလုံးကို သတိပြုမိသွားစေနိုင်တယ်။
ပိုင်လျှိုယွန် သက်ပြင်းချကာ ဒါကို ပြန်သိမ်းလိုက်သည်။ လောကကြီးတွင် ဝမ်းနည်းဖွယ်အကောင်းဆုံးအရာက ထိုရတနာကို အသုံးမပြုနိုင်ခြင်းဖြစ်သည်။

ထျန်းလုံစီးပွားရေးအင်အားစုမှ စံအိမ်အတွင်းတွင်ရှိနေခဲ့သည့် ဟိုင်လင်းက မျက်လုံးကို ဖွင့်သည်။
“သခင်လေး ဘာဖြစ်လို့လဲ”
“ဘာရယ်မဟုတ်ပါဘူး၊ ငါ တစ်ခုခုကို ခံစားမိလိုက်လို့ပါ”
“သခင်လေး ဘာကို ခံစားမိတာလဲ”
ဟိုင်လင်းက ခေါင်းခါသည်။
“ဒီအတိုင်း ဒီအတိုင်း ဘာရယ်မဟုတ်ပါဘူး”
ထိုအရာ ပျောက်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာနေခဲ့ချေပြီ။ ယခုမှ သူ ခံစားမိခြင်းက မဖြစ်နိုင်ပေ။
နောက်ပြီး အဲဒီနေရာက မြို့အရှင်စံအိမ်ဆိုတော့ …။
သူ၏လက်အောက်ငယ်သားက ဟိုင်လင်းကို ကြည့်သည်။
“သခင်လေး သခင်လေး ဘာတွေ တွေးနေတာလဲ”
“ဘာမှ မဟုတ်ပါဘူး”
...

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now