အပိုင်း ၃၁၃
ချီရှောက်ရုန်ကို မရှာနိုင်သောအခါ အားလုံး အဖွဲ့ကိုပြန်သွားကြ၏။ ဂျက်စီက ပြော၏။
"ဘာလို့ ဘယ်သူမှ မတွေ့ခဲ့ရတာလဲ၊ ဒီနေရာမှာ လူတွေနေတာက သိသာနေတာပဲ"
ရှင်းယာက ပြောသည်။
"ငါတို့ကို မတွေ့ချင်လို့ ဖြစ်ပါလိမ့်မယ်"
"ဘာလို့လဲ"
ဖရက်က တွေ့နိုင်ပြီး သူတို့က မည်သည့်အတွက်ကြောင့် မတွေ့နိုင်ကြောင်း နားမလည်နိုင်တော့ပေ။
ရှင်းယာက ပြောသည်။
"လောလောဆယ် ဆောင်းတွင်းက ရောက်တော့မယ်၊ ငါတို့ အခြားကိစ္စတွေကို မေ့ထားရအောင်"
ဂျက်စီလည်း ခေါင်းညိတ်လိုက်၏။
...
ညအချိန်တွင်...
ဆောင်းတွင်းက ဝင်ရောက်လာလေပြီ။ ကျွင်းဟောင်က ဂူအတွင်းတွင် ကျုံ့ကာနေရ၏။ ကျွင်းဟောင်က ချီရှောက်ရုန်ကို တင်းကျပ်စွာဖက်ထားပေးသည်။ ချီရှောက်ရုန်က ပြော၏။
"ဘာလို့ ဒီနေရာက အရမ်းအေးနေတာလဲ တစ္ဆေတစ်ကောင်ရဲ့နေရာလိုပဲ"
"ဒီနေရာက အရမ်း အေးတာပေါ့၊ ဒါတောင်မှ ဆောင်းက မနက်သေးဘူး၊ နောက်ပိုင်းပိုအေးလာလိမ့်မယ်"
ဟန့်လေက ပြောသည်။
ချီရှောက်ရုန်က ဟန့်လေကိုကြည့်ပြီး ဟန့်လေပါးစပ်ကို တားဆီးချင်၏။ ချီရှောက်ရုန်က ကျွင်းဟောင်ကို ပြန်ကြည့်ကာမေးသည်။
"မင်း မအေးဘူးလား"
ကျွင်းဟောင်က ပြုံးသည်။
"မအေးဘူး"
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ပြန်သည်။
"မင်းက ဝက်လား"
ဒီလောက်အေးနေတာကို သူက ဘာလို့ မအေးတာလဲ။
"ငါက နွေးနေမှ မင်းကို နွေးထွေးအောင် ဖက်ပေးနိုင်မှာလေ"
ချီရှောက်ရုန်က ကျွင်းဟောင်ကို ကြည့်ပြီးနောက်ပြောသည်။
"မင်း ဒီလိုအချိန်မှာတောင် ငါ့ကို နောက်နေနိုင်သေးတယ်"
ချီရှောက်ရုန်က ကျွင်းဟောင်၏လက်မောင်းကို ခေါင်းဖြင့် ပွတ်ကာ ပြောသည်။
![](https://img.wattpad.com/cover/344407063-288-k81310.jpg)