အပိုင်း၃၀၆
"ငါ သမိုင်းကြောင်းကို သေချာ စစ်ဆေးကြည့်ခဲ့သေးတယ်။ နယ်မြေတွေရဲ့ သမိုင်းမှာ ဆိုရင် အလင်း မှော်နဂါးနဲ့ နယ်သာလောကက နဂါးဘုရင်တို့က မတူညီတဲ့အင်အားစုကြီးတွေကပဲ။ တစ်ယောက်ကမီး တစ်ယောက်ကရေဆိုတော့ သေချာပေါက် မတည့်ကြတော့ဘူးပေါ့။ ဒါပေမဲ့ နယ်သာလောက နဂါးဘုရင်က စစ်ယာကို တစ်ခါ ကယ်ခဲ့ဖူးတယ်။ သူတို့က စုံတွဲဆက်ဆံရေး လိုမျိုးးပဲ။ နောက်တော့ ရုတ်တရက်ကြီး စစ်ယာရဲ့ နဂါးမိသားစုက လူတွေကို နယ်သာလောက နဂါးဘုရင်က သတ်တယ်ဆိုပြီး သူတို့နှစ်ယောက် စစ်ဖြစ်တော့တာပဲ။ စစ်ယာရဲ့ ညီအစ်ကို တော်တော်များများက နယ်သာရဲ့ နဂါးဘုရင်လက်အောက်မှာ သေသွားတယ်လို့ ပြောကြတယ်"
ချီရှောက်ရုန်က အံ့အားသင့်စွာ ကြည့်သည်။ သူ မျက်လုံးပြူးသွား၏။
သူ ထိုအကြောင်းအရာကို မသိထားပေ။
"ဒီတော့ စစ်ယာ ဘာဖြစ်သွားလဲ"
သူက ခေါင်းကို ခါကာ ပြော၏။
"သူက မြောနေတာ။ သူ ဘယ်အချိန် နိုးလာမယ်ဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ ဒီအတိုင်း ထာဝရ အိပ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဟာ့ကန်းကတော့ စစ်ယာကို နိုးလာစေချင်တဲ့ ပုံပဲ"
ကျွင်းဟောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒါက မင်းနဲ့ မဆိုင်ပါဘူး"
ချီရှောက်ရုန်က ပြုံးလိုက်သည်။
"ဒါပေမဲ့ ဟာ့ကန်းက ငါ့ကို အကူအညီတောင်းတားတယ်လေ၊ ဒီတော့ ငါနဲ့ ဆိုင်သွားပြီ"
ဟာ့ကန်းက မှော်မျှော်စင်ပေါ်မှ ဆင်းလာသောအခါ ကျွင်းဟောင်ကို မြင်သွားသည်။ သူ၏ မျက်ဝန်းထဲ အလင်းရောင်များ လက်သွား၏။
"ရှာတွေ့သွားပြီပဲ"
ကျွင်းဟောင်က ချီရှောက်ရုန်၏ ရှေ့တွင် တားကာ ပြောသည်။
"လူကြီးမင်း လူကြီးမင်းက ကျွန်တော်ရဲ့ လူကို ခေါ်သွားတာကတော့ မယဉ်ကျေးရာရောက်ပါတယ်"
ဟာ့ကန်းက မျက်မှောင်ကြုတ်ကာ ကျွင်းဟောင်ကို ကြည့်ပြီးပြော၏။
