အပိုင်း၃၀၃
"သမီး လက်မခံနိုင်ဘူး မယ်တော်၊ သေချာပေါက် ပိုင်လျှိုယွန်နေရာမှာ သမီးကပဲဖြစ်သင့်တာ"
အိုင်ရီနာက မျက်လုံးကို မှိတ်ထားသည်။ သူမကပြော၏။
"အခု အားလုံး ပြီးသွားပြီ"
သူမ ထိုသို့ပြောပြီးချိန်တွင် အခြေအနေက လွန်ကဲနေခဲ့ချေပြီ။
"မယ်တော် သမီးတိုက်ပွဲနယ်မြေကို မသွားချင်ဘူး၊ အဲဒီသောက်ကျိုးနည်း အကြီးအကဲတွေ ဘာတွေတွေးနေကြတာလဲ။ ဒီလောက်အန္တရယ်များတဲ့နေရာကို သမီးကို ဘာလို့ သွားခိုင်းနေကြတာလဲ"
အေရီရယ်က အလွန်ဒေါသထွက်လာသည်။
အိုင်ရီနာက မျက်လုံးကို မှိတ်ထားကာ သက်ပြင်းချပြီး ပြောသည်။
"တော်ဝင်မိသားစုက အသုံးမကျကြတော့ ဒီမယ်တော်က သွားရုံပဲရှိတော့တာပေါ့"
အေရီရယ်က အိုင်ရီနာကိုကြည့်ကာ မယုံကြည်နိုင်တော့ပေ။
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဖေက ဘုရင်လေ၊ ဘာလို့အမေက သွားရမှာလဲ"
"သမီးအဖေလည်း တတ်နိုင်တာ မရှိဘူး"
အိုင်ရီနာက မျက်လုံးကို မှိတ်ထားသည်။ သူမ၏ရင်ထဲ အေးစက်နေ၏။
ထိုအချိန်က မင်းသမီးရွှယ်ဖေးအာက တိုက်ပွဲနယ်မြေသို့ သွားရန် စေလွှတ်ခံခဲ့ရသည်။ သူမက ကျင်းတိုင်းပြည်တွင် သတ္တိရှိစွာ သေဆုံးသွားခဲ့၏။ သူမအလှည့်တွင်မူ ရေသူမျိုးနွယ်အိုများကလည်း အလားတူစွာပင် သူမကို ထိုသို့ တွန်းပို့လာခဲ့ချေပြီ။ သူမ၏အခြေအနေက ပိုတောင်ဆိုးနေသေး၏။
အိုင်ရီနာက စိတ်ပူပန်စွာ ပြောသည်။
"ဒါက သမီးတပ်ကူတွေ မရှာနိုင်လို့လား"
အိုင်ရီနာက ခေါင်းညိတ်သည်။
"ဟုတ်တယ် ဒါကြောင့်ပဲ ဒီလိုအခြေအနေဖြစ်လာရတာပဲ"
သူမလည်း ထိုကိစ္စက မည်မျှမှားယွင်းခဲ့ကြောင်း နားလည်သွားခဲ့ချေပြီ။ အေရီရယ်၏မျက်နှာက ဖြူဖျော့သွားခဲ့၏။ အိုင်ရီယာက မျက်လုံးကိုမှိတ်ထားသည်။ သူမ နောင်တရနေခဲ့ပြီ။