Unicode
အပိုင်း ၂၀၅
ချီရှောက်ရုန်က ချင်းချန် အလှကုန်ဆိုင်များကို လိုက်လံကြည့်ရှုနေသည်။ သည်ဆိုင်များက သိပ်မကြာခင်မှာပင် ဖွင့်လှစ်နိုင်တော့မည့်ပုံရ၏။
ပိုင်လျှိုယွန်က ပြုံးကာ ပြော၏။
“ကျွန်တော်တို့ ဟိုင်မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်း ပိုပြီး လုပ်ဆောင်ချင်သေးတယ်ဆိုရင် ရာဖြတ်အနည်းငယ်နဲ့ အခြားရတနာတွေကိုလည်း လက်ခံသင့်တယ်၊ ရွှေပြားတစ်မျိုးတည်းက အဆင်မပြေလောက်ဘူး”
ချီရှောက်ရုန်ကလည်း ခေါင်းညိတ်သည်။
“သေချာတာပေါ့”
ချီရှောက်ရုန်က သက်ပြင်း ကျိတ်ချလိုက်သည်။ ရွှေပြားများမဟုတ်လျှင် ထိုအရာက အရင်းအမြစ်များ ဖြစ်သည်။ ထိုအရင်းအမြစ်များဖြင့် ကိစ္စများစွာ လုပ်ဆောင်နိုင်စွမ်းရှိနေသေး၏။
ချီဟန်က ချီရှောက်ရုန်အနားသို့ ရောက်လာကာ အသံကို တိုးကာ ပြော၏။
“သခင်လေး ဟိုတစ်ခါလာသွားတဲ့ ဖက်တီးသခင်လေး ရောက်နေပါတယ်”
ချီရှောက်ရုန်၏မျက်ဝန်းများက တောက်ပသွားသည်။ သူ အလွန်ပျော်သွား၏။ ထိုသူက လူကောင်ကြီးကာ ဦးနှောက်က သေးသည်။ ထို့ကြောင့် အလုပ်လုပ်ရအဆင်ပြေ၏။
နောက်ဆုံးတစ်ကြိမ် ထိုတစ်ယောက် လာသွားခဲ့သည့်အခါ သွေးပုလဲများကို ပေးသွားခဲ့သည်။ ထိုသွေးပုလဲများက အလွန်အသုံးဝင်သည်။ သက်ရောက်မှုက အလွန်ပြင်း၏။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိုးတက်နိုင်စေရုံသာ မကလေဘဲ မှော်စွမ်းအင်ကိုလည်း အနည်းငယ် တိုးတက်နိုင်စေသေးသည်။
ထိုအရာ၏စွမ်းအင်က အဆင့် ၇ အထိ ရောက်နေခဲ့သေးသည်။ ထို့ကြောင့် နောက်ထပ်အဆင့်တစ်ခုအထိ ရောက်ရန် မခက်ခဲနိုင်ပေ။
ချီရှောက်ရုန်က အဆင့် ၇ သို့ ဝင်ရောက်ပြီးသည့်နောက်တွင် သူ၏စွမ်းအင်တိုးတက်မှုနှုန်းက အလွန်အမင်း နှေးကွေးလာခဲ့သည်။ သို့သော် ထိုသွေးပုလဲက သူ့အပေါ် သက်ရောက်မှုရှိလာခဲ့သည်။ ထို့ကြောင့် သူ အလွန်သဘောကျနေခြင်းလည်းဖြစ်၏။
“သခင်လေး သခင်လေးက တကယ့်လူကောင်းပဲ”
ချီရှောက်ရုန်က အနားသို့ရောက်သွားပြီး ချက်ချင်းပင် ချီးကျူးလိုက်သည်။ တစ်ဖက်သူက ထိုအရာများကိုသာ ထပ်မံပြီး လဲလှယ်အုံးမည်ဆိုလျှင် ပို၍အဆင်ပြေသည်။ သူက အလှကုန်ပစ္စည်း ဆယ်စုံဝန်းကျင်ခန့်သာ ပြန်ပေးလိုက်ရသည်။ တန်ကြေးက ရွှေပြားသောင်းကျော်နီးပါး သူ မြတ်သည်ဟု ဆိုရနိုင်၏။
တစ်ဖက်သူက အထဲသို့ ဝင်လာပြီးပြော၏။
“အရှင် မင်း ရေစိုခံတဲ့ နောက်ထပ်ပစ္စည်းတွေ ထပ်ထုတ်သေးတယ်ဆို”
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
“သေချာတာပေါ့”
“ငါ ကြားထားတဲ့အတိုင်းဆိုရင် မင်းရဲ့အဲဒီလုပ်ငန်းက အဆင်ပြေသွားပြီလား”
“အားလုံး အဆင်ပြေသွားပါပြီ၊ မင်း ဝယ်ချင်လို့လား၊ ဒီလိုဆိုရင်တော့ လူကြီးမင်းအတွက် သေချာပေါက် ဈေးလျှော့ပေးရမှာပါ၊ အနီရောင်ပုလဲ နည်းနည်းပဲပေးရင် လုံလောက်ပြီ”
“အနီရောင်ပုလဲ မရှိတော့ဘူး”
ချီရှောက်ရုန် ကြောင်သွားသည်။ သို့သော် အရည်အသွေးမြင့် ပုလဲများစွာပေးကာ ထွက်သွားသည်။
ပိုင်လျှိုယွန်က ပုလဲများကိုကြည့်ကာ ပြောသည်။
“သခင်လေး ဒါနဲ့ဆိုရင် ပုလဲအလှကုန်ပစ္စည်းတွေ ထပ်ထုတ်လို့ရပြီမဟုတ်လား”
“သေချာတာပေါ့”
…
“အရှင်သခင်ရှိလား”
ထူးခြားသည့်ပုံရိပ်တစ်ခုက စံအိမ်အတွင်းတွင် ထွက်ပေါ်လာသည်။
ထိုသူက မျက်နှာဖုံးကို တပ်ဆင်ထားသည်။ သူ့ကိုယ်မှ အေးစိမ့်သည့် အရှိန်အဝါတွေ ထွက်ပေါ်နေခဲ့၏။ ချီရှောက်ရုန်၏အနားတွင် ရပ်နေသည့် ကျွင်းဟောင်က အသံကို တိုးကာ နားအနားကပ်ပြီး ပြောသည်။
“ဂရုစိုက် အဲဒီသူက အဆင့် ၉ ကျွမ်းကျင်ပညာရှင်ပဲ”
