Unicode
အပိုင်း ၂၀၀ဟိုင်လင်း၏အတွေးများက ဆယ်စုနှစ်များစွာထံသို့ ပြန်ရောက်သွားခဲ့သည်။ ထိုနေ့က သူဝေလငါး တစ်ကောင်ကို ဒေါသထွက်ခဲ့သည်။ ထိုဝေလငါးက သူ့ကို စားရန်ကြံစည်ခဲ့၏။ ဝရုန်းသုန်းကား ဖြစ်ပြီးသည့်နောက်တွင် သူ ကမ်းစပ်တွင် သောင်တင်သွားကာ ထွက်ပြေးခဲ့ရသည်။ သူ လက်လျှော့လိုက်ချိန်တွင် ခက်ခက်ခဲခဲ သီဆိုနေသံအချို့ကို ကြားလိုက်ရသည်။ ထိုသီချင်းဆိုသံက ကျွန်းငယ်လေးတစ်ခုထံမှ လာနေခြင်းဖြစ်သည်။
သူ ထိုကျွန်းပေါ်သို့ တက်သွားချိန်တွင် ဝေလငါးကလည်း သူ့ကို လက်လျှော့ကာ ထွက်ပြေးသွားလေပြီ။
သူ မှတ်မိသည့်အတိုင်းဆိုရင် ထိုကျွန်းက အလွန်ကြမ်းတမ်းသည်။ ဝါးပင်အနည်းငယ်သာ ပေါက်ကာ ဝါးပင်အနည်းဖြင့် တည်ဆောက်ထားသည့် အဆောက်အဦများကိုလည်း မြင်ရ၏။ ထိုနေရာတွင် ကောင်ငယ်လေးတစ်ယောက်က နေသည်။ သိပ်မကြာခင်မှာပင် သူ ကျွန်းပေါ်သို့ ရောက်သည်နှင့် ထိုကောင်ငယ်လေး ဆင်ထားခဲ့သည့် ထောင်ချောက်အတွင်းသို့ ရောက်သွားခဲ့သည်။
ဟိုင်လင်းအနေဖြင့် ထိုခံ့ညားချောမောသည့် ကောင်လေးကို ခပ်ရေးရေးမျှသာ မှတ်မိတော့သည်။ တစ်ဖက်သူက သူ့ကို စားနိုင်သည်ဟုတောင် ထင်ခဲ့သေး၏။
သူ့ကို စား၍မရဟု ပြောသည့်အခါ တစ်ဖက်သူက စိတ်ပျက်သွားပုံ ပေါ်သွားခဲ့သေးသည်။
“သခင်လေး”
သူ၏အစောင့် ခေါ်လာခဲ့သည်။
“ဘာကိစ်စလဲ”
ဟိုင်လင်း မကျေမနပ်ဖြစ်သွားသည်။
တစ်ဖက်သူက ဟိုင်လင်းကို ကြည့်ကာ ပြော၏။
“စိတ်မရှိပါနဲ့ သခင်လေးရဲ့အတွေးတွေကို ကျွန်တော် နှောင့်ယှက်မိသွားပြီ၊ သခင်လေး သခင်လေးက သဘောကျတဲ့ရေသူမ တစ်ယောက်ရှိနေခဲ့လို့လား”
ဟိုင်လင်းက ခေါင်းခါသည်။
“ရေသူမ မဟုတ်ဘူး”
ရေသူမ ဆယ်ကျော်သက်များက သူတို့၏အမြှီးကို ခြေထောက်အဖြစ် ပြောင်းလဲနိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် ထိုအချိန်က ထိုကောင်လေးက အသက်၁၂ အရွယ်မျှသာ ဖြစ်နေခဲ့ကာ ရေသူမ မဟုတ်လောက်ပေ။ ထို့အပြင် ထိုကောင်လေးက ရေလည်းမကူးနိုင်ခဲ့ပေ။
ဟိုင်လင်း မှတ်မိတာသာ မှန်မယ်ဆိုရင် ထိုကောင်ငယ်လေးက ရေသူမျိုးနွယ်များနှင့် အပ်စပ်သည့် စွမ်းအင်ကို မပိုင်ဆိုင်ထားခဲ့ပေ။ ထိုကောင်ငယ်လေးက ငါးများကို အသံလှိုင်းများဖြင့် သတ်နိုင်စွမ်းရှိသည်။ ထိုကောင်ငယ်လေး သီချင်းဆိုသည့်အခါ ငါးများက ပေါလောမျောကာ သေဆုံးသွားခဲ့ရသည်။
ဟိုင်လင်း မှတ်မိသည်မှာ မှန်ကန်မည်ဆိုလျှင် ကမ်းခြေပေါ်တွင်ထိုင်ကာ သီချင်းဆိုနေခဲ့သည့် ထိုကောင်လေးက ရေကန်ထဲတွင်ရှိသည့် ငါးများကို သီချင်းဆိုပြခြင်းဖြစ်ပြီး ထိုအသံလှိုင်းကိုသုံးကာ ငါးကို သေစေခြင်းဖြစ်သည်။
ဒါက လူသားမိသားစုဝင်တစ်ယောက်ဆိုလျှင် ဘယ်လိုဖြစ်ပြီး ကျွန်းငယ်လေးမှာ ရှင်သန်နေထိုင်နိုင်မှာလဲ။
ငါ သေချာပေါက် ဒီကိစ္စကို စုံစမ်းခိုင်းရမယ်။
ဟိုင်လင်း နောက်ပိုင်း ထိုအကြောင်းကို စုံစမ်းခိုင်းသည့်အချိန်တွင် ထိုကောင်ငယ်လေးက ထိုနေရာတွင် မရှိတော့ပေ။အရာအားလုံးက အိပ်မက်ကဲ့သို့ပင် သဲလွန်စပင် မရှိဘဲ ပျောက်ကွယ်သွားခဲ့၏။
နှစ်ပေါင်းများစွာ ကြာသွားသည့်အခါ ထိုကောင်ငယ်လေး၏ပုံရိပ်က သူ၏မှတ်ဉာဏ်ထဲတွင် ဝေဝါးသထက် ဝေဝါးသွားခဲ့သည်။ အနက်ရောင်မျက်ဝန်းများက ကြည်လင်ပြီး သူ၏ စိတ်အနက်ရှိုင်းဆုံးအပိုင်းတွင်သာ အမြစ်တွယ်ကျန်ရစ်ခဲ့၏။ ထိုလူ၏မျက်ဝန်းများက လျှိုယွန်နှင့် တူညီသည်။ သူ သဘောကျ၏။
…
ပိုင်လျှိုယွန်က စံအိမ်အတွင်းသို့ ဝင်ရောက်လာသည့်အခါ ချီဟန်၏ မျက်နှာက မသက်မသာဖြစ်နေသည်။
“ဘာဖြစ်လို့လဲ”
“အလှကြီးလာနေတော့ သခင်လေးက ဘာမှ လုပ်ဖို့မလိုအပ်တော့ဘူးလေ၊ သခင်လေးက ဆွဲဆောင်ခံရပြီး သွားတောင် မသွားချင်တော့ဘူး”
ပိုင်လျှိုယွန်က သိချင်သွားသည်။
“အလှကြီးဟုတ်လား၊ ဘယ်လိုအလှကြီးလဲ”
ချီဟန် “…”
ပိုင်လျှိုယွန် အခုတလော ဘာဖြစ်နေတာလဲ။
ပိုင်လျှိုယွန်က စံအိမ်အတွင်းသို့ ဝင်သွားသည့်အခါ နှင်းလိုဖြူဖွေးသည့် အသားအရည်နှင့် အလွန်အမင်း လှပသည့် အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ ပိုင်လျှိုယွန်က အတန်ငယ်သိချင်သွားကာ နှုတ်ခမ်းများက ကော့တက်သွားကာ တောက်ပစွာပြုံး၏။
“အလှလေး သခင်လေးဆီကို လာတာလား၊ တစ်ခုခု လိုအပ်တာ ရှိလို့လား၊ သခင်လေးအစား ပြောစရာရှိရင် ပြောခဲ့လို့ရပါတယ်”
“နောက်ပြီး သခင်လေးမှာက သဘောကျတဲ့သူရှိနေပြီ”
အယ်လီက မတ်တတ်ထရပ်ကာ အထင်တသေး နှာခေါင်းရှုံ့ပြီးပြောသည်။
“ချီရှောက်ရုန်က ဘာမို့လို့လဲ၊ ငါ့ကို တွေ့ခိုင်းစမ်းပါ”
ပိုင်လျှိုယွန် “…”
ဒီအမျိုးသမီးက လူတွေကို ဘယ်လိုတောင် အထင်သေးနေတာလဲ၊ ဒီမိန်းမက သခင်လေးကိုတောင် အထင်သေးရဲတယ်၊ သခင်လေးက သိလို့ကတော့ ဒေါသထွက်သွားတော့မှာပဲ။
“မင်း သခင်လေးကို ဒီလိုစကားတွေ သွားပြောလို့မရဘူးနော်၊ သခင်လေးက အမြဲတမ်း သခင်လေး ဖြစ်နေမှာပဲ”
ပိုင်လျှိုယွန်က မျက်စိဖမ်းစားဖွယ်ကောင်းလောက်အောင် လှပခြင်းမရှိပေ။ ယခုအချိန်တွင် သခင်လေးအတွက် လိုအပ်ပါက သူက အပြည့်အဝ ကာကွယ်ပေးမည့်သူ ဖြစ်လာပေလိမ့်မည်။
အယ်လီက မတ်တတ်ထရပ်ကာ အေးစက်စွာပြော၏။
“သူ့မှာ သဘောကျတဲ့သူ ရှိပြီးပြီဆိုလည်း မထိသင့်တဲ့အရာကို မထိဖို့ ဝေးဝေးနေဖို့ ပြောလိုက်စမ်းပါ”
ပိုင်လျှိုယွန်က သိချင်စိတ်အပြည့်ဖြင့်မေးသည်။
“မင်းက ဘာကို ဆိုလိုချင်တာလဲ”
“ထျန်းလုံ စီးပွားရေးလုပ်ငန်းစုရဲ့ ပိုင်ရှင် ဟိုင်လင်းလေ”
အယ်လီက ပြောသည်။
ချီရှောက်ရုန်က ဝင်လာကာ ပြော၏။
“မစိုးရိမ်နဲ့ ငါ သူ့ကို မကြိုက်ဘူး”
ပိုင်လျှိုယွန်၏ စကားကို ကြားပြီးကတည်းက သူ အရာအားလုံးကို နားလည်သွားခဲ့ချေပြီ။ လူသားတစ်ယောက်ကသာ ပင်လယ်မျိုးနွယ်ဝင်သား တစ်ယောက်နှင့် လက်ထပ်မည်ဆိုလျှင် သည်ထဲတွင်သာ နေရတော့မည်ဖြစ်ကာ ငါးစိမ်းကိုသာ စားရပေလိမ့်မည်။ သူ ထိုကဲ့သို့ ဆိုးရွားသည့်ဘဝကို မလိုချင်ပေ။
အယ်လီက ချီရှောက်ရုန်ကို ကြည့်ကာ ပြော၏။
“ငါ ကြားတာတော့ နင်က ပိုင်ဟိုင်ပြင်ကျယ်ရဲ့ အရှင်သခင်အသစ်ဆို”
“ဟုတ်တယ်”
အယ်လီက အေးစက်စွာပြုံးကာ ပြော၏။
“ပိုင်ဟိုင်ပြင်ကျယ်ရဲ့ အရှင်သခင်တွေက ကောင်းမှမကောင်းတာ၊ အရာအားလုံး နင်ကိုယ်တိုင် လုပ်ရလိမ့်မယ်”
ချီရှောက်ရုန် “…”
ချီရှောက်ရုန်က အယ်လီ၏ကျောပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သည်။
“ရုတ်တရက်ကြီး ဒီမိန်းမ ဘာလာဖြစ်နေတာလဲ”
“ကြည့်ရတာ သူမ လာတဲ့ရည်ရွယ်ချက်ကို ငါသိပြီထင်တယ်၊ သူက ဟိုင်လင်းကို တစ်ဖက်သတ်ကြိုက်နေတာဖြစ်မယ်၊ ဒါကြောင့် ဒီကိုလာပြီး ပြဿနာရှာသွားတာပဲ”