261 01
အပိုင်း ၂၆၁
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာ ပြုံးသည်။
"ငါ့မင်းသားလေးကို ပန်းခူးဖို့ခေါ်လာပေးတာပေါ့"
"မင်းရဲ့မင်းသား၊ ဒါဆို မင်းက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ၊ ကိုယ့်မင်းသားကိုယ် လျစ်လျူရှုထားရင် မကောင်းဘူးနော်"
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်ကာပြောသည်။
"ငါက လျစ်လျူရှုတားယ်၊ ဒါပေမဲ့ မင်းလည်းရှိနေတာပဲ၊ မင်းရဲ့သခင်လေးနဲ့ ကျွင်းဟောင်တို့က ထွက်သွားကြပြီဆိုတော့ မင်းတစ်ယောက်တည်း ဒီမှာ ကျန်ခဲ့တယ် မဟုတ်လား"
ချီဟန်က ထန်းထျန်းယင်ကိုကြည့်သည်။
"အနည်းဆုံးတော့ငါက ငါ့သခင်လေး ခိုင်းထားတဲ့အတိုင်း လုပ်နေတာလေ"
ကျော့ယွန်ဖေးက ချီဟန်ကို ကြည့်သည်။ သူ၏ရင်ထဲ အလင်းတစ်ချက် လက်သွားပြီးနောက်ပြော၏။
"မင်းက ချီရှောက်ရုန်စကားကို တကယ်နားထောင်တာပဲ"
ချီဟန်က မျက်တောင်တစ်ချက်ခတ်သည်။
"မင်းနဲ့မဆိုင်ဘူး"
"ချီရှောက်ရုန်ကို ကြိုက်တာလား"
ကျော့ယွန်ဖေးက မျက်မှောင်ကြုတ်သည်။ သူ ဒေါသထွက်လာပုံရ၏။
"ဟုတ်တယ် ငါ သခင်လေးကို အရမ်းကြိုက်တာ"
ထန်းထျန်းယင်က သူ လူပို ဖြစ်နေသလားဟုပင် ခံစားမိသွားသည်။ သူသည်လည်း ယခင်က ချီရှောက်ရုန်ကို သဘောကျခဲ့သည်။ ရလဒ်အနေဖြင့် ... သူ ထပ်ပြီး မပြောချင်တော့ပေ။
ထန်းထျန်းယင်က တွေးသည်။
ကံကောင်းစွာနဲ့ ကျွင်းဟောင် ဒီမှာ မရှိလို့ပေါ့၊ ကျွင်းဟောင်သာ ရှိနေမယ်ဆိုရင် ငါ ဒီနေရာကနေ ခုန်ချမယ်ဆိုရင်တောင်မှ လွတ်မယ်မထင်ဘူး။
ကျော့ယွန်ဖေးက သက်ပြင်းချသည်။
"ဟုတ်လား၊ နှမြောစရာပဲ၊ မင်းရဲ့သခင်လေးက ကျွင်းဟောင်ကိုပဲကြိုက်တာ၊ မင်း လုံးဝ မျှော်လင့်ချက် မရှိနိုင်တော့ဘူး"
![](https://img.wattpad.com/cover/344407063-288-k81310.jpg)