အပိုင်း၃၀၂
ရေသူမျိုးနွယ်နန်းတော်
"ပြန်လာပြီလား"
အယ်လီနာက အေရီရယ်ကို နှုတ်ဆက်သည်။
အေရီရယ်က ဒေါသတကြီး ပြော၏။
"ဟိုင်လင်းက ပိုင်လျှိုယွန်ကို လက်ထပ်လိမ့်မယ် သူက သမီးရဲ့စကား နားမထောင်ဘူး"
အယ်လီနာက မျက်မှောင်ကျုံ့သည်။ သူမရင်ထဲ မသက်မသာ ခံစားလာရ၏။
"ဒါဆိုရင် တပ်ကူတွေရဲ့အခြေအနေက ဘယ်လိုနေလဲ"
အေရီရယ်အေးခဲသွားပြီးနောက် တုံ့ဆိုင်းစွာမေးလာသည်။
"ငါမေ့နေတာ"
"မေ့နေလိုက် ဒါကိုတောင်သတိမထားနိုင်ဘူးလား"
အာရီနာက စိတ်လှုပ်ရှားစွာပြောလိုက်၏။ အေရီရယ်က နှုတ်ခမ်းကို ကိုက်ပြီးနောက် မှားယွင်းသွားသလို ခံစားးရပြီးနောက်ပြော၏။
"သမီး ဟိုင်လုံမျိုးနွယ်စုမှာ နေတာကျင့်သားရနေတော့ စိတ်အခြေအနေပြောင်းလဲသွားလို့ပါ"
အာရီနာက သက်ပြင်းချကာပြောသည်။
"သမီးမသွားခင်မှာ မင်းရဲ့မယ်တော်က မင်းအဖွဲ့ကို သွားပြီး အကူညီတောင်းခိုင်းတာ ဒုတိယကိစ္စကမှ ပိုင်လျှိုယွန်နဲ့ လက်ထပ်ပွဲကို တားခိုင်းတာလေ၊ အခုအခြေအနေက ဒီလိုဖြစ်သွားပြီ ငါဘယ်လိုလုပ်ရမလဲ"
အေရီရယ်ကနှုတ်ခမ်းကိုက်သည်။
"မယ်တော် သမီးဆက်သွားလိုက်ရမလား"
"နောက်ကျသွားမှာပဲ စိုးရိမ်ရတယ်"
အေရီရယ်နှင့် အာရီနာတို့က ထိုနေရာတွင်ပြောနေချိန်တွင် အကြီးအကဲတချို့က ဝင်လာသည်။
"မင်းသမီးရဲ့တပ်ကူတွေကရောဘယ်မှာလဲ"
အေရီရယ်က ထိုအကြီးအကဲများကို ကြည့်ပြီး စိတ်လှုပ်ရှားသွား၏။ သူမ၏မျက်နှာက ပျက်သွားသည်။
"မရောက်သေးဘူး"
"မင်းသမီး အရှင်မ အစတည်းက အရှင်မက နဂါးကလန်က တပ်ကူတွေကို ခေါ်ထုတ်နိုင်တယ်ဆိုလို့ ကျွန်တော်တို့က သွားခွင့်ပြုခဲ့တာပါ အခု ဟိုင်လုံမိသားစုက တပ်ကူတွေမပါဘူးလား"