Unicode
အပိုင်း ၂၀၃
သုံးရက်ကြာပြီးနောက်
"သခင်လေးတို့ ပြန်လာကြပြီလား"
ပိုင်လျိုယွန်က ချီရှောက်ရုန်နှင့် ကျွင်းဟောင်ကို ကြည့်ကာပြောသည်။
ချီရှောက်ရုန်က စိတ်ပျက်လက်ပျက်ဖြင့် ပိုင်လျိုယွန်ကို ကြည့်သည်။ ပိုင်လျိုယွန် ထိတ်လန့်သွားရ၏။
"သခင်လေး ဘာလို့ဒီလိုကြီး လာကြည့်နေတာလဲ"
"မင်းပြောလိုက်တဲ့ အဲဒီရေအောက်မှာ သုံးရက်နေနိုင်တယ်ဆိုတဲ့ အဲဒီဆေးက သုံးရက်တောင် မခံခဲ့ဘူးလေ"
ချီရှောက်ရုန်က အံကိုကြိတ်ထားသည်။
ပိုင်လျိုယွန် မျက်လုံးပြူးသွားကာ ပြော၏။
"ဒီတော့ ကျွန်တော် အတုကြီး ဝယ်ခဲ့မိတာလား။ထင်တော့ထင်သားပဲ၊တစ်ဝက်ဈေးနဲ့ ရတယ်ဆိုတော့ ဟုတ်တော့ မဟုတ်လောက်ဘူးလို့ တွေးနေတာ။ ကျွန်တော်ထင်လိုက်တာက ကျွန်တော် အရမ်း ချောလွန်းလို့ သူက လျှော့ဈေး ပေးလိုက်တယ်လို့ တွေးနေတာလေ"
ချီရှောက်ရုန်၏ မျက်နှာက ပို၍မဲမှောင်သွားသည်။
"မင်းငါ့ကို တစ်ဝက်ဈေးနဲ့ ရလာတာကိုပေးရဲတယ်"
"သခင်လေး ဒါက ကျွန်တော်အမှား မဟုတ်ဘူးနော်။ ဒီဈေးကွက်မှာ အားလုံးက အတုအယောင်တွေနဲ့ ပြည့်နှက်နေတာ။ နောက်တစ်ကြိမ်ကျရင် သေချာပေါက် သတိထားပါ့မယ်"
ချီရှောက်ရုန်က နှာခေါင်းရှုံ့သည်။
"ထားတော့ ဒီတစ်ကြိမ်တော့ မင်းကို ခွင့်လွှတ်ပေးလိုက်မယ်"
ပိုင်လျိုယွန် ပြောသည်။
"ဟုတ်ကဲ့"
"သခင်လေး ဒီတစ်ကြိမ် ဘာပစ္စည်းတွေများ ရခဲ့လဲ"
ချီရှောက်ရုန်က သိုလှောင်လက်စွပ်ကိုပေးလိုက်သည်။ထိုထဲတွင် ရေညှိနှင့် အခြားသော ပစ္စည်းကောင်းများစွာ ပါဝင်ပေသည်။
"သခင်လေး ဒါတွေအများကြီးကို သခင်လေး ရလာတာလား"
"ဟုတ်တယ်"
"သခင်လေး သခင်လေးကတော်လိုက်တာ"
ပိုင်လျိုယွန်က ချီးကျူးလိုက်သည်။
ချီရှောက်ရုန် ခြောက်ကပ်စွာ ရယ်သည်။ ဒါတွေအားလုံးကို ကျွင်းဟောင်ကြောင့်သာ ရလာခဲ့ခြင်းလည်း ဖြစ်သည်။
"ပြောရမယ်ဆိုမှ ငါ စိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ခု ရလာတယ်"
"ဘာသတင်းလဲ"
"ဟိုင်၀မ်ကျူက ဟိုင်လုံမိသားစုရဲ့ အရမ်းအရေးကြီးတဲ့ပစ္စည်းဆို ဒါကို ရေသူမျိုးနွယ်က ထိန်းသိမ်းထားတာ မဟုတ်လား။ဒါပေမဲ့ အဲဒီပစ္စည်းက ပျောက်သွားခဲ့လို့ သူတို့မိသားစုနှစ်ခု လက်မဆက်နိုင်တော့ဘူးလို့ ကြားတယ်"
ပိုင်လျိုယွန်က တွေးတောကာပြောသည်။
"ပြောရမယ်ဆိုရင် အဲဒီပစ္စည်းက တကယ်အရေးကြီးတယ်။ဒဏ္ဍာရီအတိုင်းဆိုရင် ဟိုင်ဝမ်ကျူကြောင့် သူတို့ ဟိုင်လုံမျိုးနွယ်က တော်ဝင်အဆင့်အတန်းအထိ မြင့်တက်ခဲ့တယ်ဆိုပဲ"
ချီရှောက်ရုန်က ပိုင်လျိုယွန်ကို ကြည့်သည်။
"မင်းသိတာ များလိုက်တာ"
"ဒီအတိုင်းကျွန်တော်က သတင်းစုဆောင်းထားတာကိုး"
ချီရှောက်ရုန် အေးစက်စွာပြုံးသည်။
သူတို့ အရင်တိုင်းပြည်အကြောင်းတော့ ဘာမှမသိဘဲ ပင်လယ်မျိုးနွယ်ဝင်တွေအကြောင်းတော့ အရမ်းကို သိနေပါလား။
"ဟုတ်သားပဲ ငါပြန်လာတော့ ငါ တွေ့ခဲ့ရတယ်။ ငါတို့ရဲ့ ချင်းချန်အလှကုန်ဆိုင်တွေကိုတောင် ဒီလောက်မြန်မြန် ဖွင့်လိုက်နိုင်ပြီလား"
"ဟုတ်တယ်လေ။ ကျွန်တော်တို့ကို ကူညီမဲ့သူတွေ ရှိတာကို"
"ဘယ်သူလဲ"
"ဟိုင်လင်းလေ"
ကျွင်းဟောင်က ပြုံးသည်။
"သခင်လေးပိုင်ရဲ့ ဆွဲဆောင်နိုင်စွမ်းကတော့ တကယ်ကြီးတာပဲ။ ပင်လယ်မျိုးနွယ်က အရှင်သခင်ကတောင်မှ သခင်လေးရဲ့ လက်ထဲကို ရောက်နေပြီထင်တယ်"
ပိုင်လျိုယွန်ကလည်း ပြုံးသည်။
"သခင်လေးကျွင်း ဒီလောက်ကြီးထိ ချီးကျူးမနေပါနဲ့။ ကျွန်တော်က အဲဒီလောက်ကြီးအထိ ကြည့်ကောင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သခင်လေးထက် အများကြီး သာနေရုံပဲ"
ကျွင်းဟောင်"..."
"ဟိုင်လင်း ဒီကောင်တော့ သူဘာလုပ်နေမှန်း သိမှာမဟုတ်ဘူး"
ချီရှောက်ရုန်ကပြောသည်။
--------
ချီရှောက်ရုန်က တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ ကျွင်းဟောင်၏ အဆောင်ထဲသို့ ရောက်လာ၏။ ကျွင်းဟောင်က ချီရှောက်ရုန်ကို တွေ့သည့်အခါပြောသည်။
"မင်းဘယ်လို ရောက်လာတာလဲ"
ချီရှောက်ရုန်က စားစရာဘူးကိုဖွင့်ကာ ဆေးတစ်ပန်းကန်ကို ကျွင်းဟောင်ကို တိုက်သည်။သူက ပြော၏။
"မင်းဒါကို မြည်းကြည့်"
ကျွင်းဟောင်က ထိုပန်းကန်လုံးကို ယူကာ တစ်ငုံသောက်ကြည့်သည်။ ဆေးအရသာက ပါးစပ်ထဲသို့ ဝင်သွားသည့်အခါ တစ်ကိုယ်လုံးက နွေးထွေးသွားကာ မှော်စွမ်းအင်များက ပြည့်ဝလာသည်ဟု ခံစားလိုက်ရ၏။အနည်းငယ်မျှပင် တိုးလာသည်ဟု ခံစားမိသေးသည်။ ကျွင်းဟောင်၏ နှလုံးသားက လှုပ်ခါသွားရသည်။ သူ ချီရှောက်ရုန်နောက်သို့ လိုက်ခဲ့သည်မှာ ကြာလှချေပြီ။ နောက်ဆုံးတော့ သက်ရောက်မှု ရှိလာပုံရ၏။
"ဘယ်လိုခံစားရလဲ"
ချီရှောက်ရုံက မေးသည်။
ကျွင်းဟောင်က မေးစေ့ကိုမော့ကာ ချီရှောက်ရုန်ကို ပြုံးပြ၏။
"ဆေးက ခါးပေမဲ့ မင်းလက်နဲ့ ကိုယ်တိုင် လုပ်ထားပြီး ငါ့ကိုလာပို့တော့ အရမ်းချိုသွားပြီပေါ့"
ချီရှောက်ရုန်က ကျွင်းဟောင်ကြောင့် မျက်နှာက နီရဲသွားသည်။ သူက ပြော၏။
"ဘယ်သူက မင်းကို အရသာမေးနေလို့လဲ။ ငါက မင်းခံစားရတာကိုပြောနေတာ"
"အရမ်းကောင်းတယ်။ငါ့ရဲ မှော်စွမ်းအင်က တိုးတက်လာတယ်လို့တောင် ခံစားနေရပြီ။ ဒီထဲမှာ သွေးပုလဲရဲ့ ဆေးသက်ရောက်မှုတွေ ပါဝင်နေတယ်မဟုတ်လား။ ရှောက်ရုန် မင်းငါ့ကို သိပ်ကြင်နာတာပဲ"
ကျွင်းဟောင်က ချီရှောက်ရုန်ကို ဖက်လိုက်သေးသည်။
ချီရှောက်ရုန်က ကျွင်းဟောင်ကို တွန်းထုတ်ကာ ခံစားချက်က အနည်းငယ်ဆိုးရွားသွားပြီး ပြော၏။
"အများကြီး တွေးမနေနဲ့၊ ငါက ဒီအတိုင်း ဒီအတိုင်း စိုးရိမ်မိလို့ပဲ။ မင်းရဲ့ ခန္ဓာကိုယ်က အခုတလော အရမ်းအပင်ပန်းခံနေရတာ မဟုတ်လား။ နောက်ပြီး ငါတို့အတွက် စောင့်ရှောက်ကာကွယ်ပေးမဲ့ သူကလည်း လိုအပ်နေတာဆိုတော့ ဒီတိုင်း... ဒီတိုင်း တွေးပူမိသွားလို့ပါပဲ"
ကျွင်းဟောင်က ခေါင်းညိတ်သည်။
"မစိုးရိမ်ပါနဲ့ ရှောက်ရုန်။ ငါ မင်းကို သေချာပေါက် ကာကွယ်နိုင်တယ်"
ချီရှောက်ရုန်က နှာခေါင်းရှုံ့ပြပြီး ထွက်သွားသည်။ချီဟန် အထဲဝင်လာသည့်အခါ ကျွင်းဟောင်က ဆေးပန်းကန်လုံးကို ပြုံးပြုံးကြီး စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။
"သခင်လေးကျွင်း နေကောင်းရဲ့လား"
ကျွင်းဟောင်က သူ့ကို မော့ကြည့်ကာ ပြုံးပြသည်။
"ချီဟန် မင်းသိလား။ မင်းရဲ့သခင်လေးက ငါ့ကိုသဘောကျနေပြီ"
ချီဟန်"..."
"သခင်လေးကျွင်း သခင်လေးကျွင်း ဒီရက်ပိုင်း ဆေးတွေ မသောက်ဘူးထင်တယ်"
ချီဟန်က ကျွင်းဟောင်၏ အမူအရာကို ကြည့်ကာ စိတ်ထဲတွင် တွေးလိုက်သည်။
ကျွင်းဟောင် ဒီအတိုင်းဆိုရင် ရူးသွားတော့မယ်ထင်တယ်။
ကျွင်းဟောင်က ချီဟန်ကို ကြည့်ကာပြုံးနေသေးသည်။သူ၏ အပြုံးက ပို၍ပင် တောက်ပသွားသေး၏။
"ဟုတ်တယ် ဟုတ်တယ်။ မင်းတွေ့လား ငါကိုယ်တိုင် ဆေးသောက်ဖို့အတွက် မင်းရဲ့ သခင်လေးက လာပေးသွားတာ"
ချီဟန်"..."
ချီဟန် ဆေးဖော်စပ်သည့် အခန်းထဲသို့ ဝင်ရောက်လာသည့်အခါ ချီရှောက်ရုန်ကို မြင်လိုက်ရသည်။
"သခင်လေး ဘာတွေ လုပ်နေတာလဲ"
"ငါဆေးတစ်မျိုး ဖော်စပ်ကြည့်နေတာလေ၊ငါသက်ရောက်မှုကို စမ်းသပ်ကြည့်ချင်နေတာ"
"ကျွန်တော်အခုပဲ သခင်လေး ကျွင်းဟောင်ကို တွေ့လိုက်တယ်"
ချီဟန်က တုံ့ဆိုင်းစွာပြောသည်။
ချီရှောက်ရုန်က မျက်မှောင်ကြုတ်ကာပြော၏။
"သူ ဘာဖြစ်လို့လဲ"
"သူ ပြုံးနေတယ်"
ချီရှောက်ရုန်က ခေါင်းခါသည်။
"ကျွင်းဟောင် ဒီကလေးကလေ။ သူ့ရဲ့ စိတ်ကအဲ့လိုပဲ ရူးနေတာ"
ချီဟန်"..."
...