233 01
အပိုင်း ၂၃၃
ငါးမန်းနက်သည် ကျွင်းဟောင်အား ကြည့်လိုက်ပြီး လေးစားစွာပြောလိုက်၏။
"ကျွင်းသခင်လေးက လေးစားဖို့ ကောင်းလိုက်တာ"
ငါးမန်းနက်က မျက်မှောင်ကြုတ်နေသည်။ သူ့ရင်ထဲတွင် မနာလိုမှုက ပြည့်နှက်နေခဲ့၏။ စွမ်းအားအရတွင်ဆိုလျှင် ပင်လယ်နယ်မြေမျိုးနွယ်က လူတွေက လူသားမျိုးနွယ်တွေထက် သာသင့်သည်။ သို့သော် အများစုက အထင်သေးခံနေရ၏။ နဂါးနက်သည် ကျွင်းဟောင်အား အထင်မသေးရဲပေ။ ဆေးဝါးပညာအရဆိုလျှင် ချီရှောက်ရုန်ကို သူက လေးစားသည်။ ခွန်အားအရဆိုလျှင် ကျွင်းဟောင်ကို သူ လေးစား၏။
ကျွင်းဟောင်၏ဓါးသည် ရန်သူများထံသို့သာ ချိန်ရွယ်ထားသည်။ ငါးမန်းနက်မှာ အလွန်အမင်း အံ့ဩခဲ့ရ၏။ သူကိုယ်တိုင် ထိုသို့ လုပ်မည်ဆိုလျှင် တစ်ဖက်သူလောက် သေသပ်မည် မထင်ပေ။
"ကျွင်းသခင်လေး အရှင်သခင်ရော"
ငါးမန်းနက် မေးလိုက်သည်။
ကျွင်းဟောင်သည် ငါးမန်းနက်အား ကြည့်လိုက်၏။
"သူ နားနေတယ်"
ငါးမန်းနက်သည် ကျွင်းဟောင်၏ မျက်နှာကို ကြည့်၍ ပြုံးလိုက်၏။ ကျွင်းဟောင်က စံအိမ်ထဲသို့ ဝင်သွားသည်။ ပိုင်လျှိုယွန်သည် အနားသို့ ရောက်လာ၏။
"ကျွင်းသခင်လေး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျွင်းဟောင်က ပိုင်လျှိုယွန်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"မင်းက ရှောက်ရုန်ရဲ့လူပဲ၊ ဒီတော့ ငါ့ကို ယဉ်ကျေးနေစရာ မလိုဘူး၊ ဒီနေ့လာတဲ့ ကိစ္စတွေကို မင်း ဘယ်လိုရှင်းမှာလဲ"
ပိုင်လျှိုယွန်က မျက်လုံးတစ်ဖက် မှိတ်ပြကာပြော၏။
"သူတို့က အယ်လီခေါ်လာတဲ့ သူတွေပဲလေ၊ တမင်သက်သက် ပြဿနာ လာရှာတာပဲ"
"သူတို့က မင်းကို စမ်းသပ်ဖို့ ဖြစ်လိမ့်မယ်၊ အဲဒီထဲမှာအဆင့် ၈ တစ်ယောက်တောင် ပါနေသေးတယ်၊ မင်း ရန်သူရဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင် မင်းရဲ့စွမ်းအားကို တစ်ဖက်သူတွေ မသိအောင် အနေအထားနဲ့ လှုပ်ရှားတာက အကောင်းဆုံးပဲ၊ ငါ ထင်ထားတာတောင် မှားသွားမယ် ဆိုရင်တောင်မှ နောက်ဆုံးတစ်ကြိမ် မင်းကို လူသားလို့ အတည်ပြုပေးထားတဲ့ လူက လက်မလွှတ်ချင်သေးတဲ့ပုံပဲ"
![](https://img.wattpad.com/cover/344407063-288-k81310.jpg)