Part 270

1K 120 0
                                    

အပိုင်း ၂၇၀

ကျော့ယွန်ဖေးက ရယ်သည်။

"ကျွင်းသခင်လေး တကယ်ကို စိတ်ဝင်စားမိပါတယ်၊ ကျွင်းသခင်လေးက ချီသခင်လေးကို ယခုအချိန်အထိ လိုက်နိုင်စွမ်း မရှိသေးဘူးလား"

ကျွင်းဟောင်က ပြုံးသည်။

"ရှိတာပေါ့၊ ဒါပေမဲ့ အချို့သူတွေကတော့ နှေးကွေးလွန်းလို့ ငါတို့ကိုတောင် အမှီ မလိုက်နိုင်ဘူးလေ၊ ငါတို့ကတော့ ပေါ်တင်လိုက်လို့ရပေမဲ့ အချို့သူတွေကတော့ ကိုယ့်စိတ်ကိုတောင် နားမလည်ကြဘူး"

ကျော့ယွန်ဖေးက ပြောသည်။

"ဒါပေမဲ့ ဒီလိုအခြေအနေမျိုးက ဆုံးရှုံးသွားရရင်လည်း အန္တရာယ် များလွန်းတယ်နော်"

ကျွင်းဟောင်က ခေါင်းခါသည်။

"မလိုပါဘူး၊ တွေးပေးတဲ့အတွက်တော့ ကျေးဇူးပါပဲ"

"ကျွင်းဟောင်"

လှေတစ်စီးက ချဉ်းကပ်လာသည်။ တစ်ဖက်ပေါ်မှ လူနှစ်ယောက်က ကျွင်းဟောင်ကို မြင်သည့်အခါ ပျော်သွားကြပုံရ၏။

ကျော့ယွန်ဖေးက ကြည့်ပြီးနောက် မျက်ဝန်းထဲ စိတ်ဝင်စားမှုက လင်းလက်တောက်ပသွား၏။ ကျွင်းဟောင်ကလည်း ထိုနှစ်ယောက်ကို ကြည့်ကာ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်သွားသည်။

"ငါ ပြောခဲ့တဲ့အတိုင်းပဲ၊ ဒီကောင်တွေက အလွယ်တကူ မသေဘူး"

ကျွင်းဟောင်က အဆင့် ၉ ကျွမ်းကျင်ပညာရှင်များစွာကို ရင်ဆိုင်ခဲ့ဖူးလေရာ ပြဿနာမရှိပေ။ နှစ်ယောက်ထက်ပိုလျှင်လည်း ပြဿနာမရှိနိုင်ပါပေ။

"အဆင့် ၉ နှစ်ယောက်"

ကျော့ယွန်ဖေးက လက်ပိုက်ကာ စိတ်ဝင်တစားပြောပြီး ကျွင်းဟောင်ကို ကြည့်၏။

"ကျွင်းသခင်လေးရဲ့နာမည်က တကယ်ကိုကျော်ကြားတာပဲ၊ ကျွင်းသခင်လေး အရမ်းကို သန်မာတယ်ဆိုတာ ကြားဖူးတာ ကြာပြီဆိုပေမဲ့ ကိုယ်တိုင်မမြင်ရသေးဘူး၊ ဒီတော့ ဒီနှစ်ယောက်ကို ဖြေရှင်းလိုက်ပါလား၊ ဒါမှမဟုတ် ငါတို့ တစ်ယောက်စီ ကိုင်တွယ်ပြီး ဘယ်သူက ပိုတော်သလဲဆိုတာ ကြည့်ကြမလား"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now