Part 194

1.5K 208 2
                                    

Unicode
အပိုင်း ၁၉၄

ပိုင်လျှိုယွန်လည်း အသိဝင်လာပြီးနောက် ရှက်ရွံ့စွာပြုံးကာ ပြော၏။
“အော် လူကြီးမင်းက သိပ်ခံ့ညားချောမောလွန်းတော့ ကြည့်မိသွားတာပါ”
တစ်ဖက်သူက ပြုံးသည်။
“သိပ်ခံ့ညားချောမောတယ်တဲ့လား”
“ဟုတ်ပါတယ်”
“ကျေးဇူးပါပဲ”
“ရပါတယ်”
တစ်ဖက်လူက ပိုင်လျှိုယွန်နှင့်စကားတစ်ခဏခန့် ပြောပြီးသည်နှင့် ထွက်သွားသည်။
တစ်ခဏခန့်ကြာပြီးနောက် ချီရှောက်ရုန်တို့လည်း ပြန်လာလိုက်ကြသည်။

ကျွင်းဟောင်က ပိုင်လျှိုယွန်ကို ကြည့်ကာ မကျေမနပ်ပြောသည်။
“သခင်လေးပိုင်က အခု ဘာလုပ်လိုက်တာလဲ၊ သခင်လေးပိုင်က လောကကြီးကို မမြင်ဖူးတဲ့ လူတစ်ယောက်လိုမျိုး အခြားမျက်နှာသစ်လေးကို ဘာမှ ထူးထူးခြားခြား မရှိတာတောင်မှ အညံ့ခံ အရှုံးပေးလိုက်ရပြီပေါ့”
ပိုင်လျှိုယွန်က ကျွင်းဟောင်ကို ကြည့်သည်။
“မင်း နားမလည်ပါဘူး”
ကျွင်းဟောင်က နှုတ်ခမ်းကို ကော့ညွှတ်စွာပြုံးသည်။
“ငါ နားမလည်ဘူး၊ ဒါပေမဲ့ မင်းကတော့ နားလည်ပြီး မျက်နှာသစ်လေးနဲ့ သဘောကျသွားပြီပေါ့”
“မင်း အတွေးအရမ်းလွန်နေပြီ သခင်လေးကျွင်း၊ သခင်ကျွင်းရဲ့ဦးနှောက်က နေ့တိုင်း ဒီလိုအကြောင်းအရာတွေပဲ တွေးနေလို့ ပျက်စီးသွားပြီထင်တယ်”
ပိုင်လျှိုယွန်က အသံအခြေအနေ မကောင်းတော့ပေ။
ကျွင်းဟောင် “…”

ထျန်းလုံစီးပွားရေးလုပ်ငန်းစု …။
လက်ပိုက်ကာ တောက်ပစွာပြုံးနေသည့် လူတစ်ယောက်က ပြောသည်။
“သခင်လေး သခင်လေး အဲဒီလူသားမျိုးနွယ်ကို စိတ်ဝင်စားသွားလို့လား”
ဟိုင်လင်းက ပြုံးကာ ပြော၏။
“ငါ မသိဘူး၊ ဒါပေမဲ့ သူ ငါ့ကို ကြည့်တဲ့အကြည့်တွေက အရမ်းပူပြင်းလွန်းလို့ စိတ်ဝင်စားစရာကောင်းတယ်လို့ ခံစားမိရုံပဲ”
“သခင်လေး ပင်လယ်လူမျိုးအများစုက သခင်လေးကို ကြည့်တဲ့အချိန်တိုင်း သူတို့ရဲ့အကြည့်တွေကလည်း ပူနေတာပဲလေ”
အစောင့်ကလည်း နားမလည်ပြန်ပေ။
“ဒါက ခံစားချက်ကွာတယ်၊ သူ့ပုံစံက တစ်ခုခု ထူးခြားနေသလိုပဲ”
“သခင်လေး သူက ပင်လယ်မျိုးနွယ်ဝင်သား မဟုတ်ဘူးလို့ ပြောချင်လို့လား”
“မဟုတ်ဘူး၊ အထူးသဖြင့် သူတို့လေးယောက်လုံးက အထက်တန်းလွှာ သခင်လေးတွေချည်းပဲ၊ ပြောရမယ်ဆိုရင် ဒီနေရာကို အုပ်ချုပ်ဖို့လာတဲ့ အရှင်သခင်တစ်ပါးတောင် အဲဒီထဲမှာ ပါနေသေးတယ်၊ အဲဒီက အရမ်းလှတဲ့ တစ်ယောက်လေ”
“နောက်ပြီး အဲဒီက သိပ်ချောတဲ့ တစ်ယောက်ဆိုရင် ငါ့ထက်ဘယ်နည်းနဲ့မှ အားမနည်းနိုင်ဘူး”
“သခင်လေး ကျွန်တော်တို့ စုံစမ်းလိုက်ပါ့မယ်”

ချီရှောက်ရုန်တို့ အိမ်အပြန်လမ်းတွင် ပိုင်လျှိုယွန်က လက်ပိုက်ကာ မေးကို မော့ထားသည်။ ချီရှောက်ရုန်က ပြုံး၏။
“လျှိုယွန် ဘာတွေစဉ်းစားနေတာလဲ”
“သခင်လေး သခင်လေးက ကျွန်တော့်ကို နားအလည်ဆုံးပါပဲ၊ သူတို့က လူသားတွေပိုင်တာ မဟုတ်မှန်း သိပြီးပြီမဟုတ်လား”
"လူသားတွေ ပိုင်တာ မဟုတ်တော့ ပင်လယ်မျိုးနွယ်ဝင်လား”
“ဟုတ်ပါတယ်”
“ဒါဆိုလည်း ဘာအရေးကြီးလို့လဲ၊ သူတို့အားလုံးက သက်ရှိတွေပဲလေ”
ချီရှောက်ရုန်က ပဟေဠိဖြစ်စွာ မေးသည်။
ချီရှောက်ရုန်က လက်ပိုက်ကာ ပြောသည်။
“ငါ့အထင် အဲဒီဆိုင်ပိုင်ရှင်က တော်တော်လေးကို ထူးခြားနေသလိုပဲ၊ ငါ့ကို ထူးခြားတဲ့ ခံစားချက်တွေ ပေးတယ်၊ အဲ့ဒါက …”
ပိုင်လျှိုယွန်ကလည်း ချီရှောက်ရုန်ကို ပခုံးဖက်ပြီးပြောသည်။
“သခင်လေး သခင်လေးလည်း အဲဒီလိုထင်တာလား၊ အဲဒီဆိုင်ပိုင်ရှင်က အရမ်းကို ထူးခြားလွန်းတာက သူက အရမ်း အရမ်း အရမ်းချောနေလို့မဟုတ်လား”
“ဟုတ်တယ် အသေအချာပဲ အဲဒီကောင်က အရမ်းချောတယ်”
ချီရှောက်ရုန်က ပြုံးကာ ပြောသည်။
ကျွင်းဟောင် မကျေမနပ်ပြောသည်။
“သူက ဘယ်လောက်ချောချော ငါ့ကို မီမှာတဲ့လား”
ပိုင်လျှိုယွန်ကလည်း ပြုံးသည်။
“သခင်လေးကျွင်း အဲဒီလောက်အထိ ကြေညာဖို့မလိုပါဘူး၊ သခင်လေးကြည့်ရတာ အရမ်းစိုးရိမ်နေပြီး အပြစ်မကင်းဖြစ်နေသလိုပဲ”
ကျွင်းဟောင် “…”
ကျွင်းဟောင်က ပိုင်လျှိုယွန်ကို ထူးဆန်းသလိုကြည့်ပြီးပြောသည်။
“ပိုင်သခင်လေး ပိုင်သခင်လေးက ပင်လယ်မျိုးနွယ်ဝင်သားအကြောင်းကို အရမ်းကို သိနေသလိုပဲ၊ အဲဒီမှာ နေခဲ့ဖူးလို့လား၊ ဒါမှမဟုတ် အဲဒီမျိုးနွယ်ဝင်သား တစ်ယောက်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ပိုင်ဆိုင်ခဲ့လို့လား”
ပိုင်လျှိုယွန် ကြောင်သွားပြီးနောက် ပြုံးသည်။
“ငါက ဒီအတိုင်းပြောလိုက်တာပဲ၊ ပင်လယ်မျိုးနွယ်ဝင်သားမဟုတ်ရင် သူတို့အကြောင်း မသိရတော့ဘူးလား၊ သူတို့မှ မဟုတ်ဘူး၊ ငါ သိထားတဲ့ အခြားမျိုးနွယ်ဝင်အကြောင်းတွေ အများကြီးရှိနေသေးတယ်”
“သခင်လေး သခင်လေး ကျွန်တော်တို့ မော့ယွန်ခန်းမကို သွားကြမလား”
ချီဟန်က မေးသည်။
ချီရှောက်ရုန်က ခေါင်းခါ၏။
“နောက်နေ့မှ သွားရအောင်၊ အခု လောလောဆယ်အရင်ဆုံး ငါ အနာဂတ်မှာနေရမဲ့ မြို့အရှင်စံအိမ်ကို သွားကြည့်ရအောင်”
ချီဟန်က ချီရှောက်ရုန်ကို ကြည့်၏။
“သခင်လေး ကျွန်တော် ရထားတဲ့သတင်းအတိုင်းဆိုရင် အဲဒီနေရာက သခင်လေးထင်သလို မဟုတ်ဘူးနော်”
“ဘာလဲ ဘယ်လိုဖြစ်နေလို့လဲ”
“သခင်လေး သိရပါလိမ့်မယ်”
ချီရှောက်ရုန်က ထိုမြို့အရှင်စံအိမ်ကိုမြင်သည့်အခါ အံ့ဩသွားသည်။
“ဒါက မြို့အရှင်စံအိမ်လား၊ ဒါက ဒီအတိုင်းပျက်စီးနေတဲ့နံရံတွေ၊ စုတ်ပြတ်သတ်နေတဲ့ အဆောက်အဦကြီးနဲ့ နေရာက တကယ်ပဲ အစောင့်တွေအပြည့်ရှိနေတဲ့ မြို့အရှင်စံအိမ်လား”
ချီရှောက်ရုန် အံကိုကြိတ်လိုက်မိသည်။ ချီရှောက်ရုန် နဖူးကိုသာ ပွတ်လိုက်မိ၏။ မြို့အရှင်စံအိမ်ကို ဓားပြတွေက ရှင်းလင်းသွားတယ်လို့ ထင်ထားပေမဲ့ ဒီလောက်အထိတော့ မထင်ထားမိဘူးလေ။
ယခင်ကဆိုလျှင် ထိုနေရာကို ရွှေအပြည့်သုတ်ထားသည့်တိုင်အောင် ယခုအခါတွင် ထိုအရာတွေအားလုံးက ပြောင်ရှင်းနေခဲ့ချေပြီ။ ချီဟန်က ချီရှောက်ရုန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြုံးသည်။
...

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now