Part 288

701 93 1
                                    

အပိုင်း ၂၈၈

"ချီဟန်က ငါ့ရဲ့ကျန်းမိသားစုကို ထပ်ပြီး ဖြေရှင်းတော့မဲ့ပုံစံ မရှိဘူး၊ သူ ဒီနေ့ တခြားစီးပွားရေးလုပ်ငန်းစုက ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ခဲ့တယ်၊ ဒါပေမဲ့ ဘာစကားမှ မဆိုခဲ့ဘူး၊ ကြည့်ရတာ သူ တကယ်ပဲ လက်လျှော့လိုက်ပြီထင်တယ်"

ကျန်းချွမ်သောင့်က ပြောသည်။

"ကောင်းတာပေါ့"

ကျန်းတုံးမင်ကလည်း ပြောသည်။

"အဆုံးမှာတော့ ချီဟန်က ချီရှောက်ရုန် ပတ်ဝန်းကျင်က အစောင့်ပါပဲ၊ ချီရှောက်ရုန်ကလည်း ကိုယ်တိုင် လိုက်လာခဲ့တာမဟုတ်ဘူး၊ ငါတို့တွေ သူ့ကို အရမ်းအထင်ကြီးလွန်းသွားတာဖြစ်ရမယ်၊ မိသားစုထဲမှာ ဒီလိုမျိုးပြောနေတဲ့ အကြီးအကဲတွေ ရှိနေသေးတာပဲ၊ နောက်ပြီး ဒီလိုဂျူနီယာတစ်ယောက်က ခေါင်းကိုမော့ပြီးမိသားစုကို ဖျက်ဆီးမယ်ဆိုတာက ဖြစ်မှမဖြစ်နိုင်တာ"

ကျန်းတုံးမင်က မျက်မှောင်ကြုတ်ကာပြောသည်။

"အနည်းဆုံးတော့ ငါတို့ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"

"ငါ ကြားထားတဲ့အတိုင်းဆိုရင် ချီဟန်က ကျင်းတိုင်းပြည်ကို လာတော့ ချီရှောက်ရုန်က ချင်းချန်အလှကုန်ဆိုင်ရဲ့ အဓိကစာအုပ်တွေအားလုံးကို သူ့ကိုပေးပြီး ကိုင်တွယ်ခိုင်းလိုက်တယ်၊ အနည်းဆုံး သူ့မှာ တစ်ဘီလီယံတော့ ပါလာလောက်တယ်၊ တကယ်ကို ကြွယ်ဝတဲ့ကောင်ပဲ"

"ချီရှောက်ရုန်က ချီဟန်ကို အရမ်းကို သဘောကောင်းလွန်းတယ်၊ ချီဟန်က ချီရှောက်ရုန်ရဲ့စိတ်ထဲမှာ အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်၊ ဒါကို စိတ်ကူးကြည့်ရုံနဲ့ရတယ်"

"ကျန်းဟန်က ကျော့ယွန်ဖေးရဲ့အထောက်အပံ့ကိုလည်း ရထားတယ်၊ ပြီးတော့ လက်ထဲမှာ ပိုက်ဆံလည်းရှိတယ်၊ ကျန်းမိသားစုနဲ့ သူကသာ ထိပ်တိုက်တွေ့မယ်ဆိုရင် သေချာပေါက် ငါတို့ဘက်ကပဲ ဆုံးရှုံးရမှာပဲ၊ ကျန်းရှင်းတုံးနဲ့ကျန်းယွမ်ကို သုံးလိုက်တာက တကယ်ကို မှန်ကန်သွားတာပဲ၊ မဟုတ်ရင် ဘာတွေဖြစ်လာမလဲတောင် မထင်ထားမိဘူး၊ ကျန်းမိသားစုက တကယ်ကို ဆုံးရှုံးပျက်စီးရမှာပဲ"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Tempat cerita menjadi hidup. Temukan sekarang