အပိုင်း ၂၄၆
ထန်းထျန်းဖုန်းသည် မသိမသာ ပြုံးလိုက်သည်။ ကျွင်းဟောင်ကလည်း ပြုံးကာ ပြော၏။
"သူတို့ကို စိုးရိမ်စေမိတဲ့အတွက် စိတ်မကောင်းပါဘူး"
"ကျွန်တော်က အရမ်းကံကောင်းတာ ဘယ်လို သေနိုင်ပါ့မလဲ"
ကျွင်းဟောင်က ဂရုမစိုက်ဘဲ ပြန်ပြောသည်။
ထန်းထျန်းဖုန်းက ခေါင်းညိတ်ကာ -
"သေချာတာပေါ့၊ အားဟောင် မင်းက တစ်ချိန်လုံး ကံကောင်းနေခဲ့တဲ့သူပဲ၊ ဘာမှ ဆိုးရွားတာ ဖြစ်လာမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းနဲ့ချီသခင်လေးတို့က အချိန်အကြာကြီး ပျောက်သွားကြတော့ စိုးရိမ်ကြတာပေါ့၊ မင်းတို့ ဘယ်ရောက် သွားကြတာလဲ"
"ဟိုင်ရှားလျှို့ဝှက်ငွေကို သွားရှာကြတာလား"
ထန်းထျန်းဖုန်းက ခပ်ထေ့ထေ့ပြုံးကာ မေးလိုက်၏။
"အဲဒီလို သဘောပါပဲ"
ကျွင်းဟောင်က ဓါတ်ခွဲခန်းထဲသို့ ဝင်လာသည့်အခါ ချီရှောက်ရုန်က သူ့ကို ကြည့်သည်။
"မင်း ဘာလို့ ရောက်လာတာ နောက်ကျနေတာလဲ"
"လမ်းမှာ ငါ့ကို မင်းသားနှစ်က ဖမ်းထားလို့လေ"
ကျွင်းဟောင်က ပြောသည်။
"သူက ဘာလုပ်ချင်တာလဲ"
"ငါ့ရဲ့ခွန်အားကို စမ်းသပ်ချင်နေတာ"
"သူ သိသွားတာလား"
"သူ့လောက် အားနည်းတဲ့သူက ငါ ဆန္ဒမရှိရင် မြင်နိုင်မှာတဲ့လား"
ချီရှောက်ရုန် "..."
'ဟမ့် ကျွင်းဟောင်က အရမ်းကိုမောက်မာနေတာပဲ'
ကျွင်းဟောင်က ချီရှောက်ရုန်ကို မေးလိုက်သည်။
"ဘာလို့ ငါ့ကို ဒီလို လာကြည့်နေတာလဲ"
"မင်းက မင်းသားနှစ်ကို အားနည်းတယ်လို့ ပြောချင်နေတာလား"
"ဟုတ်တယ်လေ"
ချီရှောက်ရုန် "..."
'ထန်းထျန်းဖုန်းတော့ ဒီစကားကို ကြားသွားရင် ဒေါသထွက်ပြီး သေလောက်တယ်'
