232 01
အပိုင်း ၂၃၂
ချီရှောက်ရုန်က မျက်လုံးပြူးသွားသည်။
"ခုနှစ်ရောင်ခြယ်မှော်နဂါးဟုတ်လား၊ ဒါက ဒဏ္ဍာရီလာသားရဲပဲ၊ သူ ပျောက်ကွယ်သွားတာ ဘယ်လောက်တောင်ကြာပြီလဲ"
"အရှင်သခင်ကတော့ အရှင်သခင်ပါပဲ၊ အရှင်သခင်သာ ငါ့ကို ကုသပေးနိုင်မယ်ဆိုရင် ငါက မင်းတို့ကို အဲဒီကိုခေါ်သွားပေးလို့ရတယ်"
ညလမ်းလျှောက်သူက ပြောလာသည်။
ချီရှောက်ရုန် "..."
သူ့ကို အန္တရာယ်များတဲ့နေရာကို သွားခိုင်းနေတာလား၊ အသေခံခိုင်းနေတာလား။
"အရှင်သခင်က အလင်းနဲ့အမှောင်စွမ်းရည်ကို ကျင့်ကြံတဲ့သူ၊ အဲဒီနေရာက လောကကြီးက အရှင်သခင် ကျင့်ကြံဖို့အကောင်းဆုံးနေရာပဲ၊ ကျွန်တော်စိုးရိမ်တာက အဲဒီမှာ တန်ဖိုးကြီးတဲ့ပစ္စည်းတွေ အနည်းငယ်ပဲရှိနေမှာကိုပဲ၊ မတော်တဆမှုသာ မရှိနေဘူးဆိုရင် အဲဒီက နယ်မြေက အလင်းအမှောင်စွမ်းရည်ကို ပိုင်ဆိုင်တဲ့ နဂါးခေါင်း ရှိနေနိုင်တယ်"
ချီရှောက်ရုန်က မျက်မှောင်ကြုတ်သည်။ သို့သော် သူက ချက်ချင်းပင် မတုံ့ပြန်လိုက်ပေ။ အလင်းနှင့်အမှောင်စွမ်းရည်ကို ပိုင်ဆိုင်သည့် မှော်ပညာရှင်နှင့် မှော်သားရဲက အလွန့်အလွန် နည်းပါးသည်။ စာအုပ်ထဲတွင်ပင် ရွေးချယ်ထုတ်ဖော်ထား ရလောက်အောင် အလွန်အမင်း နည်းပါးပေ၏။ ထို့ကြောင့် သူ့တွင်သာ အခွင့်အရေး မရှိလျှင် သူ့တစ်ဘဝလုံးသည် အဆင့်တစ်ခုတွင်သာ တစ်သွားရပေလိမ့်မည်။
ချီရှောက်ရုန်က ခေါင်းကိုငုံ့သည်။ သူ တွေးတောလိုက်၏။
"တကယ်လို့ အကြီးအကဲကသာ ကျွန်တော့်ကိုယုံရင် ကျွန်တော် ကြိုးစားပေးမှာပါ"
အနက်ရောင်ဝတ်ရုံနှင့်လူကလည်း ပြုံးလိုက်သည်။
"အရှင်သခင် ပီသပါပေတယ်"
ချီရှောက်ရုန် အခန်းထဲမှ ထွက်လာသည်။ ကျွင်းဟောင်ကလည်း တည်ငြိမ်သည့်မျက်နှာထားဖြင့် ချီရှောက်ရုန်အနောက်မှ လိုက်လာ၏။
