အပိုင်း ၃၁၈။(ဇာတ်သိမ်းပိုင်း)
ကျွင်းဟောင် "..."
အာ ငါ့သားက တကယ်ကို ထူးခြားတာပဲ။
"ရီမင်ရဲ့ခေါင်းဆောင်နေရာကို လုလိုက်တော့ ရီမင်က ဒေါသမထွက်သွားဘူးလား"
ကျွင်းဟောင်က ပြောသည်။
ကျွင်းယွန်က ခေါင်းညိတ်ကာပြော၏။
"ဒါပေါ့၊ သူ ဒေါသထွက်လောက်တယ်။ သူက သူ့ကိုယ်သူ ကျားဟန်ဆောင်ပြီး ကိုက်ချင်နေတာလေ။ သူ့မျက်နှာက ညစ်ပတ်ပေရေနေတဲ့အထိတောင် စာရေးဖို့လေ့ကျင့်နေသေးတယ်၊ သူက ဘာကျားမှမဟုတ်ဘူး တကယ်တော့ ငတုံးကြောင်ပဲ"
ကျွင်းဟောင်က နှာခေါင်းပွတ်ကာ တွေးသည်။ ရီဖန်က သူ့သားကို ဘယ်လောက်အလိုလိုက်လိုက်လဲ။ သူ့ကိုလာပြီး တိုက်ခိုက်မှာတော့ မဟုတ်လောက်ပါဘူးနော်။
"သား ဒီနေ့ ဘာများသင်ခဲ့ရလဲ"
"စာရေးနည်း သင်ရတယ်"
ကျွင်းယွန်က ပြောသည်။
"နောက်တော့ မှော်ဥာဏ်အလင်းပွင့်အောင် လုပ်ရတော့တာပါပဲ"
"အခက်အခဲရှိသေးလား"
"မရှိပါဘူး အရမ်းရိုးလွန်းတယ်"
ကျွင်းယွန်က ဒီကိစ္စကို ဂရုစိုက်ပုံမရဘဲပြောသည်။
"ရီမင်က ငတုံး၊ သူ စာလည်းမရေးနိုင်သလို ခေါင်းဆောင်လည်း လုပ်ချင်သေးတယ်"
ကျွင်းဟောင် "..."
...
ထျန်းလန်အကယ်ဒမီ
ရီမင်က သူ၏အဖွဲ့သားများနှင့်အတူ ကျွင်းယွန်ကို ရှုံးသွားပြီးနောက်တွင် မကျေမနပ်ဖြစ်နေခဲ့သည်။ တစ်ရက် သူ၏ညီအစ်ကိုများနှင့် အပြင်ထွက်ရန် ကြိုစားချိန်တွင် ကျွင်းယွန်က တားလာသည်။
ရီမင်က သူ၏ခေါင်းဆောင်နေရာကို ဆုံးရှုံးလိုက်ရသဖြင့် နောက်ဆုံးတွင် သူ့ညီအစ်ကိုများ၏ စိတ်နှလုံးသားကို ပြန်ရရန်အတွက် အပျော်ဂေဟာသို့ ခွေးတိုးပေါက်မှ ထွက်ကာ ထွက်သွားသည်။ ကျွင်းယွန်ကလည်း သူတို့နောက်မှ လိုက်သွား၏။