Part 234

1.4K 164 0
                                    

234 01

အပိုင်း ၂၃၄

အိုင်ရီနာ၏အနေအထားကို သတိထားမိပုံရသည့် ရေသူနက်က ရှက်ရွံ့စွာ ဝင်ပြောလာသည်။

"ဘုရင်မ ပိုင်လျှိုယွန်က မြို့အရှင်စံအိမ်မှာ နေနေတာ၊ သူ့ကို ရင်ဆိုင်ချင်တယ်ဆိုရင် မလွယ်လောက်ပါဘူး"

"ဘာလဲ ငါးမန်းနက်ကြောင့်လား"

အိုင်ရီနာက မစိုးရိမ်ပေ။ ငါးမန်းနက်က ဟိုင်မျိုးနွယ်ဝင် မဟုတ်သည့်တိုင်အောင် သူက ငါးမန်းတစ်ကောင် ဖြစ်နေသေးသည်။ ထို့ကြောင့် ပင်လယ်မျိုးနွယ်ဝင် အချင်းချင်း အလွန်အကျွံ တိုက်ခိုက်လိမ့်မည် မဟုတ်ပေ။

"သူ မဟုတ်ပါဘူး၊ ကျွင်းဟောင်ပါ"

"ကျွင်းဟောင် ဟုတ်လား၊ အမွှေးတောင် မစုံသေးတဲ့ကလေး မဟုတ်လား"

"ဒါပေမယ့် သူက ကျွန်တော့်ထက်တောင် အဆင့်မြင့်ပါတယ်၊ ဒီနေ့ သူက အရမ်းသက်ညာခဲ့တာပါ၊ မဟုတ်ခဲ့ရင် ကျွန်တော်တို့ ပြန်မလာနိုင်လောက်ပါဘူး"

အနက်ရောင် ရေသူမျိုးနွယ်ဝင်သား တစ်ယောက်က ပြောသည်။

အိုင်ရီနာ မျက်လုံး ပြူးသွားသည်။ သူမ အံ့ဩသွား၏။

"သူက ဒီလောက်အထိ စွမ်းအား ကြီးမားနေပြီလား"

"ငါးမန်းနက်ထက်တောင် စွမ်းအား ကြီးမားနေပါသေးတယ်၊ လူသားတွေက အားနည်းကြတယ် ဆိုပေမဲ့ သူကတော့ ခြွင်းချက်ဖြစ်နေတဲ့ပုံပါပဲ"

အိုင်ရီနာက လက်သီးဆုပ်သည်။ သူမက လျှို့ဝှက်စွာဖြင့် တွေးတောလိုက်၏။

ကျွင်းဟောင်ကသာ ရေသူမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ရင် ဘယ်လောက်ကောင်း လိုက်မလဲ၊ ရေသူမျိုးနွယ်ဝင်တွေက အခုအချိန်မှာ အရမ်းကို အားနည်းနေတာ၊ ဘယ်အဆင့် ၉ ကမှ သူမရဲ့စကားကို နားမထောင်ဘူး။

"နောက်ပြီး ကိစ္စတစ်ခု ရှိပါသေးတယ်"

အိုင်ရီနာက အလွန်စိတ်ပျက်စွာဖြင့် ထိုအကောင်ကို ကြည့်သည်။

"ဘာ ကိစ်စလဲ"

"ချီရှောက်ရုန်က ညလမ်းလျှောက်သူဆိုတဲ့ ယိုဒါကို ကုသ ပေးလိုက်နိုင်ပါတယ်"

အမှိုက်ကောင်ပြန်ရှင်လာပြီ (၂)Where stories live. Discover now