အပိုင်း၃၀၅
ကျွင်းဟောင်က အိပ်ရာပေါ်တွင် လှဲနေကာ ချီရှောက်ရုန်ကို ဖက်ထားသည်။ သည်လိုထွေးပွေ့ထားနိုင်ရုံနှင့်တင် သူ ပျော်နေခဲ့၏။ ချီရှောက်ရုန်က ကျွင်းဟောင်၏ အလွန်စိတ်လှုပ်ရှားကာ ပါးများရဲနေသော မျက်နှာကိုကြည့်ပြီးနောက် တွေးလိုက်သည်။
ကျွင်းဟောင် ကျွင်းဟောင် တကယ်ကို လူပျိုလေးလို လုပ်နေပါလား။
"မင်း ဘာဖြစ်နေတာလဲ"
ချီရှောက်ရုန်က မေးသည်။
"အိပ်မယ်လေ ငါ ဒီအချိန်စောင့်နေရတာ ကြာလှပြီ"
ကျွင်းဟောင်က ပြောသည်။
"မင်းကလား"
ချီရှောက်ရုန်က မေးသည်။
ကျွင်းဟောင်၏ မျက်နှာက ပိုပြီး နီရဲသွားသည်။
"ဒါပေါ့ ဒါပေါ့ ဒါမျိုးက အတွေ့အကြုံမရှိရင်တောင်မှ အမျိုးသားတစ်ယောက်ရဲ့ ကြိုတင်မသိစိတ်အရ လုပ်နိုင်စွမ်း ရှိတယ်"
ချီရှောက်ရုန် "..."
ကျွင်းဟောင်က ပထမဆုံးအကြိမ်အတွက် အလွန်အမင်း စိတ်လှုပ်ရှားလွန်းနေခဲ့သည်။ သူက ချီရှောက်ရုန်ကို တသောသော ရယ်အောင် လုပ်နိုင်စွမ်းရှိသည့်အပြင် နာကျင်မှုမရှိအောင်လည်း ကြိုးစားပေးသေး၏။
...
မင်္ဂလာပွဲက ခုနှစ်ရက်ကြာပြီးနောက်တွင် လုံး၀ ပြီးသွားခဲ့သည်။
ရီဖန်က ချီရှောက်ရုန်ကို ကြည့်လိုက်၏။ ချီရှောက်ရုန်က အမြဲလိုလို ပျင်းရိစွာ လှဲနေလေ့ရှိသည်။ သူ ပြုံးကာပြောလိုက်၏။
"သခင်လေး ကျွင်းဟောင်ရဲ့စွမ်းရည်က ဘယ်လိုနေလဲ"
"ဒီလိုပါပဲ"
ကျွင်းဟောင် အဲဒီအရူးကောင်က အရမ်းစိတ်လှုပ်ရှားပြီး ပထမအကြိမ်မှာ အဆင်မပြေသွားခဲ့ဘူးလေ၊ သူက ရယ်မိတော့ နောက်ပိုင်း သူ့ရဲ့စွမ်းအားတွေ ထုတ်ပြလာရော၊ သူ့ရဲ့စွမ်းရည်က မဆိုးဘူးဆိုပေမဲ့ သူ့ရဲ့လုပ်နိုင်စွမ်းအားကတော့ ကောင်းမွန်တာပဲ အနည်းဆုံး သူ မသေဘူးပေါ့။