အပိုင်း ၂၀၈
ပိုင်ဟိုင် ပင်လယ်ပြင်ကျယ်တွင်
ချီရှောက်ရုန်နှင့်အခြားသူများက စုစည်းနေကြသည်။
"သခင်လေး သခင်လေး အခုဖော်စပ်ထားတဲ့ပစ္စည်းက တကယ်အသုံး၀င်တာပဲလား"
ပိုင်လျှိုယွန်က သံသယအပြည့်ဖြင့်မေးသည်။
ချီရှောက်ရုန်က ခေါင်းညိတ်သည်။
"သေချာတာပေါ့ အရမ်း အသုံး၀င်တယ်"
ပိုင်လျှိုယွန်က ရေထဲသို့အသက်ကယ်ပစ္စည်းတစ်ခုကို ပစ်ချလိုက်သည်။ ပင်လယ်ထဲမှ ပင်လယ်သားရဲတစ်ကောင်က ထွက်လာခဲ့ကာ လျင်လျင်မြန်မြန်ပင် ယူဆောင်သွားခဲ့၏။
"သခင်လေး သခင်လေးပြောတဲ့အတိုင်းဆိုရင် ဒါက ပင်လယ်သတ္တဝါတွေ ကြားမှာ တကယ်ကျော်ကြားတာပဲ။ သခင်လေး ဒီကိစ္စအတွက်လည်း စီးပွားရေးလုပ်ငန်းတစ်ခု လုပ်သင့်ပြီထင်တယ်"
ချီရှောက်ရုန် "..."
"ထားလိုက်ပါတော့ ရေမကူးနိုင်ရင် ငါး ဘယ်လိုဖမ်းမလဲ"
ချီရှောက်ရုန်က မသက်မသာပြောသည်။
ပိုင်လျှိုယွန်က အကျီလက်ကို ခေါက်ကာပြော၏။
"သခင်လေး တကယ်လို့ ငါးဖမ်းချင်ရင် ကျွန်တော့်ကို လွှဲထားလို့ရပါတယ်။ ကျွန်တော်က ဒီနယ်ပယ်မှာအတော်ဆုံးပဲ"
ချီရှောက်ရုန်က ပိုင်လျှိုယွန်ကိုကြည့်၏။
"တကယ်လား"
"ကျွန်တော်က ငါးဖမ်းတဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်လေ"
ချီရှောက်ရုန်က ပိုင်လျှိုယွန်၏ပခုံးကိုပုတ်သည်။
"ဒီလိုဆိုမှတော့ မင်းကို လက်လွှဲလိုက်ပြီ"
"ကျွန်တော့်ကို ကြည့်ထားပါ"
ပိုင်လျှိုယွန်က ရေကန်နားသို့သွားလိုက်ကာ သီချင်းစဆိုသည်။ သူက ဆိုသည်နှင့် ကမ်းစပ်၀န်းကျင်တွင် ရှိသည့် ငါးများက ပေါလောပေါ်လာ၏။
ချီရှောက်ရုန်က ငါးများကိုကြည့်ကာ ကြောင်သွားသည်။
ဒီငါးတွေ တော်တော်လေးကို ကြောက်သွားရှာမှာပဲ။
