258 01
အပိုင်း ၂၅၈
ချီဟန်က သက်ပြင်းချသည်။
"အရမ်းကောင်းတာပေါ့၊ စိတ်မရှိပါနဲ့ ငါသွားစရာရှိလို့"
ကျော့ယွန်ဖေးက ချီဟန်၏လက်ကို ဖမ်းဆွဲကာ ဘေးသို့ ဆွဲခေါ်သွားသည်။ သူက ပြောလိုက်၏။
"မင်း မသိဘူး၊ ကျွင်းဟောင်ကြောင့် ရှိန်နေတဲ့သူတွေအများကြီးပဲ၊ ဒီတော့ အခြားတိုင်းပြည်ကလူတွေ ပူးပေါင်းထားပြီး ကျွင်းဟောင်ကို သတ်ဖို့ ဆုံးဖြတ်ထားကြတယ်၊ ဒါက လျှို့ဝှက်ချက်နော်"
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်သည်။
"မင်း ဒီသတင်းက ဘယ်ကရလာတာလဲ"
"မစိုးရိမ်ပါနဲ့၊ ဘယ်နေရာက သတင်းရလာတယ်ဆိုတာ အရေးမကြီးပါဘူး၊ ကျွင်းဟောင်က ဒဏ္ဍာရီတွင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လိုပဲ အရမ်းကျော်ကြားပြီး စွမ်းအားကြီးမားနေတာ အခြားအဖွဲ့လိုက်က သူ့ကို ဘာများ လုပ်နိုင်မှာလဲ၊ ဒါပေမဲ့ အားလုံးပေါင်းပြီး ဆက်တိုက်တိုက်ခိုက်နေမယ်ဆိုရင်တော့ ကြောက်ဖို့ကောင်းသွား လိမ့်မယ်နော်"
ကျော့ယွန်ဖေးက ပြောသည်။
ချီဟန်က ကျော့ယွန်ဖေးကို ကြည့်၏။
"ငါ့ကို နုတ်ထွက်ခိုင်းတယ်ဆိုတာက ငါပါ ဝင်ပါသွားမှာစိုးလို့လား"
"သေချာတာပေါ့"
"မင်းက ငါ့ကို စိုးရိမ်နေတာလား"
ချီဟန်က မေးလိုက်၏။
"နှစ်တွေအများကြီး ကြာသွားပြီ ငါ မင်းကို ဘယ်လိုပြန်ပေးဆပ်ရမလဲမသိခဲ့ဘူး၊ ဒါကြောင့် မသေစေချင်သေးတာ အမှန်ပဲ"
ကျော့ယွန်ဖေးက ပြောသည်။
"စိတ်မပူပါနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေရင် ကောင်းမယ်"
...
ချီရှောက်ရုန်က ဧည့်ခန်းထဲတွင် ထိုင်နေခဲ့ပြီး ဆေးဝါးများကို လေ့လာနေသည်။ ထိုအချိန်တွင် ချီဟန်က မျက်နှာမည်းမှောင်လျက် ဝင်လာ၏။
"အားဟန် မျက်နှာလည်း မကောင်းပါလား၊ ဘယ်လိုဖြစ်တာလဲ"
ချီရှောက်ရုန်က ပြောသည်။