အပိုင်း၃၀၄
ရှန်းယွမ်က လက်ထဲမှ ဖိတ်စာကို ကြည့်ပြီးနောက် ခေါင်းကိုခါကာ ကျွင်းဟောင်ကို ကြည့်သည်။ ကျွင်းဟောင်က အလွန်ပျော်နေပုံရကာ မျက်နှာက ဖြီးနေ၏။
"လက်ထပ်ဖိတ်စာပေါ့"
ကျွင်းဟောင်က ခေါင်းညိတ်သည်။
"ဟုတ်တယ်"
ရှန်းယွမ်က သံသယဝင်လာသည်။
"ချီသခင်လေးရော ဒါကိုသိရဲ့လား"
ကျွင်းဟောင်က ရှန်းယွမ်ကို မကျေမနပ်ပြော၏။
"မင်း ဘာကိုဆိုလိုတာလဲ၊ ရှောက်ရုန်မသိဘဲနဲ့ ငါက လုပ်မယ်လို့ထင်လို့လား၊ တစ်ယောက်တည်း လက်ထပ်လို့မှ မရတာ"
ရှန်းယွမ်က မျက်လုံးလှန်သည်။ သူက ပြုံးကာပြော၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ငါက နောက်တာပါ"
ကျွင်းဟောင်... ဒီကောင် ချီရှောက်ရုန်နဲ့ပတ်သက်ရင် စိတ်အခြေအနေက ဆိုးရွားလိုက်တာ။
ကျွင်းဟောင်က ပြုံးကာ ပျော်ရွှင်စွာ ပြောသည်။
"မင်းက အရူးဆိုပေမဲ့ အနည်းဆုံးတော့ ရှောက်ရုန်က ငါကြောင့် စိတ်လှုပ်ရှားသွားတယ်လေ"
ရှန်းယွမ် နှာခေါင်းပွတ်သည်။
"မင်း ငါ့ကို အပြစ်တင်လို့မရဘူး၊ ဒါက မင်းမိထွေးကြောင့်ပဲ၊ မဟုတ်ရင် ငါက အဲဒီကိုသွားပြီး တစ်ချိန်လုံး ကံဆိုးအောင် လုပ်ပါ့မလား"
ကျွင်းဟောင်က နှာခေါင်းရှုံ့သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒါကိုမှတ်ထားတုန်းပဲ"
ရှန်းယွမ် "..."
သူ ထိုဝင်ရှုပ်ခဲ့မိသောကိစ္စကြောင့် အပြစ်ပေးခံရသည့်အခြေအနေကို ပြန်တွေးမိပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
"ဒါနဲ့ မင်း တော်ဝင်နယ်မြေကို ရောက်သွားမယ်လို့ ငါ မထင်ထားဘူး၊ မြန်လိုက်တာ၊ အဲဒါတကယ်ပဲလား"
ကျွင်းဟောင်က ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ ငါ နယ်မြေပိုင်ဆိုင်နေပြီ"