အပိုင်း ၂၉၀
ချီရှောက်ရုန်က ခေါင်းကိုခါကာ ကျော့ယွန်ဖေးကို ကြည့်လိုက်သည်။
"ငါ မနောက်နေပါဘူး၊ ငါ ဘယ်တော့မှ မနောက်ဘူး"
"ချင်းချန် အလှကုန်ဆိုင်က နှစ်စဉ်ဝင်ငွေက သန်းနှစ်ရာ နီးပါး ရှိတယ်။ ငါ နတ်သူငယ်မျိုးနွယ်နဲ့လည်း စာချုပ် ချုပ်ဆိုထားသေးတယ်။ ဒီတော့ ချင်းချန် အလှကုန်ဆိုင်ရဲ့ နှစ်စဉ်ဝင်ငွေက နှစ်ဆလောက်အထိ တိုးတက် သွားနိုင်သေးတယ်။ ချီဟန်က ဆိုင်ခွဲတွေ အားလုံးရဲ့ ဆိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီတော့ သူ အနည်းဆုံး ဆယ်သန်းတော့ ရတယ်"
"ဆိုင်တွေရဲ့ စီးပွားရေး လုပ်ငန်းက ဒီထက်ပိုပြီး ကျယ်ပြန့်ဖို့ ရှိလာနေသေးတယ်။ ဝင်ငွေကလည်း ဒီထက်ပိုပြီး မြင့်တက်နေမှာပဲ။ ကျော့သခင်လေး မင်းပြောတဲ့ တန်ကြေးက တကယ်ပဲ ချီဟန်နဲ့ ထိုက်တန်မယ်လို့ ထင်လား"
ကျော့ယွန်ဖေးက ချီရှောက်ရုန်ကို ကြည့်ကာ ပြောလာသည်။
"ဒါမှမဟုတ် မြို့က အလှကုန်ဆိုင်တွေက မနက်ဖြန် ပိတ်သွားတာလည်း ဖြစ်နိုင်တာပဲ"
ချီရှောက်ရုန်က မျက်ခုံးကို ပင့်ကာ ကျော့ယွန်ဖေးကို သံသယအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
"မင်း ဘာပြောတာလဲ"
"ဘာမှ မဟုတ်ဘူး"
ကျော့ယွန်ဖေး အံကို ကြိတ်ထားသည်။
ချီရှောက်ရုန်က ကျော့ယွန်ဖေးကို ကြည့်ပြီးနောက် ဆက်ပြောလာ၏။
"ဒီတော့ မင်းက သဘောမတူတာလား"
"မဟုတ်ဘူး"
ချီရှောက်ရုန်က ကျော့ယွန်ဖေး၏ ပခုံးကို ပုတ်သည်။
"ကျော့သခင်လေး ခမည်းခမက် ကိစ္စက ဒီလောက် မရိုးရှင်းဘူး။ မင်း တကယ်လို့ စည်းမျဉ်းအရ လက်ထပ်ချင်တယ်ဆိုရင် ကြိုးစားဖို့ လိုအပ်တယ်"
ကျော့ယွန်ဖေး"..."
ကျွင်းဟောင်က ကျော့ယွန်ဖေး၏ ကျောပြင်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။
"ရှောက်ရုန် မင်း ကျော့မိသားစုက သခင်လေးကို ခြောက်လိုက်ပြီ"