221 01
အပိုင်း ၂၂၁
ကျွင်းဟောင်က ချီရှောက်ရုန်၏ဘေးသို့ ရောက်လာသည်။ သူက ချီရှောက်ရုန်၏ပခုံးအပေါ် လက်များတင်လိုက်ကာ ပြော၏။
"ဟိုင်လင်းက လျှိုယွန်ကို လာတွေ့နေတယ်"
ချီရှောက်ရုန်က ပြော၏။
"လျှိုယွန်ကို ပြောလိုက်လေ၊ ဒီမှာ မရှိဘူးလား"
ကျွင်းဟောင်က ခေါင်းညိတ်သည်။
"ပြောပြီးသွားပြီ၊ ဒါပေမဲ့ သူက မထွက်လာချင်ဘူး၊ ငါ ဟိုင်လင်းကို စောင့်ဆိုင်းခိုင်းထားတယ်"
"ဒီလိုဆိုရင် သူ ထွက်လာတဲ့အထိပဲ စောင့်ကြရအောင်၊ ငါတို့တွေ သူ့ကို အထဲဝင်ခိုင်းထားသင့်လား"
ချီရှောက်ရုန်က ပြောသည်။
ကျွင်းဟောင်က ခေါင်းညိတ်၏။
"ငါ သူ့ကို ပြောပါတယ်၊ ဒါပေမဲ့ အချိန်နဲ့ပဲ အကန့်အသတ်ရမယ်လို့ ပြောထားတယ်၊ ရွှေဒင်္ဂါးတစ်သိန်း ပေးရမယ်လို့ ပြောထားတော့ သူက တစ်သန်းပေးထားတယ်"
ချီရှောက်ရုန်က ကျွင်းဟောင်ကို တစ်ချက်ကြည့်သည်။
"မင်း သူ့ကို ဆယ်သန်းလောက် တောင်းလိုက်သင့်တာ၊ ငါ့အထင် ဒီအကောင် ဝင်မလာရဲလောက်ဘူး"
ကျွင်းဟောင်ကလည်း ခေါင်းညိတိကာ ပြော၏။
"နောက်တစ်ကြိမ်ကျရင် ဒီဈေးကိုမြှင့်လိုက်ဖို့ မှတ်ထားမယ်"
ချီရှောက်ရုန် "..."
"ဒီလိုဆိုမှ သူ့အတွက် တစ်သန်းက အရမ်းကို ဈေးပေါလွန်းနေမှာပဲ၊ ဟမ့် သူ့ကို ဈေးအရမ်း လျှော့ပေးတာများရင် ဒီအကောင် အကျင့်ပါသွားလိမ့်မယ်"
ချီရှောက်ရုန်က မတ်တတ်ထရပ်ကာ ပြော၏။
"ငါ သူ့ကို သွားကြိုမယ်"
ကျွင်းဟောင်က ချက်ချင်းပင် သူ့ကို တားသည်။
"ငါလည်း လိုက်မယ်"
သူတို့နှစ်ယောက် ဧည့်ခန့်ဘက်သို့ ထွက်လာသည့်အချိန်တွင် ဟိုင်လင်းက လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်နေသည်။ သူက အေးအေးဆေးဆေး ဖြစ်နေပုံရသည်။