227 01
အပိုင်း ၂၂၇
ချီရှောက်ရုန်နှင့် အခြားသူများ ထွက်လာသည့်အချိန်တွင် ခန်းမထဲမှအသံများကို ကြားလိုက်ရသည်။ ချီရှောက်ရုန် ရုတ်တရက်ရပ်သွား၏။ ထူးဆန်းသလို ခံစားလိုက်ရသည်။ ထိုအသံက တရုတ်မှ ရှေးခေတ်လူများ ငြင်းခုန်နေသံနှင့်ပင် တူနေ၏။
ကျွင်းဟောင်က သူ့ကို ကြည့်သည်။
"ရှောက်ရုန် ဘာဖြစ်လို့လဲ"
ချီရှောက်ရုန်က ခေါင်းခါသည်။
"ဘာမှမဖြစ်ဘူး"
"ဘာလို့ ဒီလိုပဲ ပြောနေတာလဲ၊ ကျွန်တော် တကယ်ကို နားမလည်နိုင်တော့ဘူး"
ပိုင်လျှိုယွန်က ထိုလူအိုကြီးများကို ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။ သို့သော် သူ၏မျက်နှာက ပြုံးနေသေးကာ နှိမ့်ချသည့်အမူအရာလည်းရှိနေသေး၏။
"အရှင် အရှင်က ကျွန်တော်တို့ ရေသူမျိုးနွယ်ရဲ့အနာဂတ်ဘုရင်ပါပဲ၊ ရေသူမျိုးနွယ်ရဲ့ မျှော်လင့်ချက်ပါ၊ ကျေးဇူးပြုပြီး ရေသူမျိုးနွယ်ဆီကို ပြန်လိုက်ခဲ့ပါ"
"..."
ထိုစကားကိုသာ ထပ်ကာထပ်ကာ ပြောဆိုနေကြ၏။
"ခင်ဗျားတို့ အတွေးမှားနေပြီ၊ ကျွန်တော်က လူသားပဲ၊ ကျွန်တော်က ငါးမှ မဟုတ်တာ"
ပိုင်လျှိုယွန်ကလည်း ပြန်ငြင်းသည်။
အကြီးအကဲများ၏မျက်နှာတွင် ပိုင်လျှိုယွန်က သူတို့ကို လိမ်ညာနေသည်ဟု ထင်နေပုံရကာ ဆက်တိုက်ပင် ဆွဲဆောင်နေသေး၏။ သူတို့က အလွန်အမင်း ဝမ်းနည်းညှိုးငယ်ပုံလည်း ပေါက်နေသေး၏။
"အရှင်သခင် အရှင်သခင်က မြင့်မြတ်တဲ့ရေသူမျိုးနွယ်ကပါ၊ ဘယ်လို့များ ဒီလိုနိမ့်ကျတဲ့လူသားလို့ ပြောဆိုရဲရတာလဲ"
မုတ်ဆိတ်ဖြူနှင့်လူအိုကြီးက ရင်ကွဲနာကျသကဲ့သို့ပြောသည်။
ပိုင်လျှိုယွန် "..."
ကျွင်းဟောင်က တံခါးဝတွင် လက်ပိုက်ကာ ကြည့်နေ၏။ ထိုလူများက သူတို့ လူသားများရှေ့တွင် ထိုသို့သော စကားမျိုးကို ပြောရဲသေးသည်။
