Unicode
အပိုင်း ၁၈၈ရီဖန်က မူတင်းရွှယ်ကိုခေါ်ကာ ဧည့်သည်တော်များကို လိုက်လံနှုတ်ဆက်သည်။ အဓိကခန်းမအတွင်းတွင် အနီရောင်ဖယောင်းတိုင်များကို ကြောက်မက်ဖွယ်ကောင်းအောင် ထွန်းထားသည်။ သို့သော် အလွန်အမင်း တောက်ပကာ လှပနေသေး၏။
ချီရှောက်ရုန်က စားပွဲ၏ အရှေ့တွင် ရှိကာ ရီဖန်နှင့် မူတင်းရွှယ်ကိုကြည့်သည်။ ကျွင်းချန်က ကျွင်းဟောင်ကို ကြည့်ကာပြော၏။
"သခင်လေး ရီဖန်နဲ့ မူတင်းရွှယ်က ဘာလို့အနီရောင်ပန်းတွေ စီးထားတဲ့ အရာကို ကိုင်ထားတာလဲ။အဲဒါဘာကြီးလဲ"
ကျွင်းဟောင်က ခေါင်းခါကာပြောသည်။
"ငါလည်း သေချာမသိဘူး။ ဒါပေမယ့် အဲဒါကိုင်ပြီး လောကကို ဂါရဝပြုရမှာတဲ့""ဘယ်နေရာကို ဘယ်နေရာကြီး"
ကျွင်းချန်က ကျွင်ဟောင်ကို တစ်ချက်ကြည့်ကာပြော၏။"မင်းရဲ့မေးခွန်းတွေက အရမ်းများနေပြီ"
ကျွင်းဟောင်က လျှို့ဝှက်စွာဆက်ပြောသည်။
"ကောင်းကင်နဲ့မြေကြီးကို ဂါရဝပြုတာ"
သူကိုယ်တိုင်လည်း သိပ်မရှင်းလင်းပေ။"လောကကို ဂါရဝပြုမယ်"
ရီဖန်နှင့်မူတင်းရွှယ်တို့က ပတ်ဝန်းကျင်ကို တစ်ချက်လှည့်ပြီးသည်နှင့် တံခါးကိုကြည့်ကာ ဦးညွတ်ကြသည်။"ဒါကဘာလဲ"
ကျွင်းချန်က ပြောသည်။"ရီဖန်က သူ့ရဲ့ဇနီးကောင်းကို ကာကွယ်နိုင်စွမ်း မရှိလို့ လောကကြီးကို အကူအညီတောင်းတာဖြစ်မှာပေါ့"
ကျွင်းဟောင်က စိတ်အချဉ်ပေါက်ကာ ပြောသည်။ကျွင်းချန်က ခေါင်းညိတ်သည်။
"ဟုတ်နိုင်တယ်၊ အစ်ကိုကြီး အစ်ကိုကြီးက တော်လိုက်တာ"ကျွင်းဟောင်ကလည်း ပြုံးသည်။
"ကံကောင်းသွားတာပါ။ ဟုတ်ပြီလား""အချင်းချင်း ဦးညွတ်ကြပါ"
ထိုသို့ဖြင့် အစဉ်အလာအတိုင်း ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ချီရှောက်ရုန်က ခါးကိုမတ်ကာ ပြုံးပြီး သူတို့နှစ်ယောက်ကို လက်ဆောင်ပေးလိုက်သေး၏။
ကျွင်းချန်က ခေါင်းကုတ်သည်။
"အစ်ကိုကြီး သူတို့ဘာတွေပြောနေတာလဲ။ နောက်ပြီး ဘာလို့ ချီရှောက်ရုန်ကို သူတို့ ဦးညွတ်နေကြတာလဲ"
