225 01
အပိုင်း ၂၂၅
ထိုလူငယ်လေး ပြုတ်ကျသွားချိန်တွင် သူ၏ခြေထောက်များက ငါးအမြီးများ ဖြစ်သွားသည်။
ချီရှောက်ရုန်က ထိုငါးအမြီးများကို ကြည့်ကာ မျက်မှောင်ကြုတ်၏။
"ဒီလောက်စားနေမှတော့ ဝတုတ်ပြီး အလေးချိန်မခံနိုင်ဘဲ လေးပြီး ပြုတ်ကျပြီပေါ့"
ထိုလူငယ်လေးက မြေပြင်တွင် အကြိမ်ကြိမ်အခါခါ လှည့်ပတ်နေသည့်တိုင်အောင် မထနိုင်ခဲ့ချေ။
"ဒီကောင် ဘယ်ကရောက်လာတာလဲ"
ချီရှောက်ရုန်က ပြောသည်။
"ငါလည်း မသိဘူးလေ"
"..."
"မျိုးမစစ်တွေ"
ထိုလူငယ်လေးက နောက်ဆုံးတွင် အမြီးဖြင့် မတ်တတ်ထနိုင်သွားသည်။ သို့သော် ပြန်ပြုတ်ကျသွား၏။
"မင်းတို့တွေ မင်းတို့တွေ ငါ့ကို နိုင်ပြီလို့ ထင်မနေနဲ့၊ မင်းတို့အားလုံး သေပြီပဲ၊ မင်းသမီးအယ်လီက အထောက်အပံ့ထောင်ကျော်ရှိတယ်၊ ငါ မရှိတော့ရင်တောင်မှ အခြားရေသူမျိုးနွယ်ဝင် ထောင်ကျော် ရှိနေတုန်းပဲ၊ သူတို့အားလုံးက မင်းတို့ကို လာရှာလိမ့်မယ်"
ထိုဆံပင်အပြာရောင်နှင့် ရေသူထီးလေးက ပြောသည်။
ကျွင်းဟောင်က ရေသူထီးကို ကြည့်ကာ ပြော၏။
"အဲဒီလူတွေက မင်းလိုပဲလား"
"ဟုတ်တယ် ငါ့လိုပဲ"
ကျွင်းဟောင်က သက်ပြင်းချသည်။
"ဟိုင်လုံမျိုးနွယ်စုတွေက ရေသူမျိုးနွယ်တွေကို လက်မထပ်ချင်တာ အံ့ဩစရာမှ မရှိတော့တာ၊ သူတို့မျိုးနွယ်က ဒီလောက်သာမန်ကျနေရင် အသုံးမှ မဝင်တော့ပဲ"
ထိုအပြာရောင်ရေသူမျိုးနွယ်ဝင်လေးက ရှက်သွားကာ ပြောသည်။
"မင်းလူတွေကို အထင်မသေးစမ်းပါနဲ့၊ ဒါက ကုန်းမြေမှ မဟုတ်တာ၊ မဟုတ်ရင် ငါတို့ မရှုံးနိုင်ဘူး"
ချီရှောက်ရုန်က ထိုကြမ်းပြင်မှ ရေသူမျိုးနွယ်ဝင်သားလေးကို ကြည့်ကာ ခေါင်းကိုက်လာသည်။